Home News Local News ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

0
85

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။

သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက် ရေတင်နိုင်ရန်နှင့် မိုးစပါးမစိုက်ပျိုးမီ လယ်ယာမြေများထွန်ယက်ပြုပြင်နိုင်ရန်အတွက် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်  စက်သုံးဆီအရောင်းဆိုင်များပူး ပေါင်းရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် ကျေးရွာအုပ်စု (၁၂)စုမှ တောင်သူ(၁၉၅)ဦးအတွက် ဓာတ်ဆီ(၁)ဂါလံလျှင် ငွေကျပ်(၂၁,၀၀၀)နှုန်းဖြင့် ဂါလံ(၅၀၀)၊ ဒီဇယ် (၁)ဂါလံလျှင် ငွေကျပ်(၂၄,၄၀၀)နှုန်းဖြင့် (၄၇၅)ဂါလံတို့ကိုရောင်းချပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့ရှိ တောင်သူများလက်ဝယ်အရောက် စက်သုံးဆီများကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း၌ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here