မန္တလေးတိုင်း၊ ပလိပ်မြို့နယ်တွင် ယနေ့ မေ ၆ ရက်နံ နက်အစောပိုင်း ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်သစ်ကိုင်းများလဲပြိုကျခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
ထိုသို့ လဲပြိုကျမှုကြောင့် ၁၁ ကေဗွီ လပခဖီဒါဓာတ် အားလိုင်း၏ လကတ( ၃၀၂၇ )အနီးရှိ (၁၀)မီတာကွန် ကရစ်တိုင်(၇)တိုင်ကျိုး၍ (၂)တိုင်ယိုင်နဲ့ကာ လျှပ်စစ်မီးများပြတ်တောက်နေသဖြင့် လျှပ်စစ်ကျွမ်းကျင်ဝန် ထမ်းများက အမြန်ဆုံးပြုပြင်လျက်ရှိကြောင်း သိရသည်။
