တေရန်နှင့် ဝါရှင်တန်တို့အကြား ဧပြီလ ၈ ရက် နေ့တွင် အပစ်အခတ်ရပ်စဲမှု စတင် အာဏာတည်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံရမှုအဖြစ် တနင်္လာနေ့တွင် အီရန်က ပစ်လွှတ်ခဲ့သော ဒုံးကျည် ၁၅ စင်းနှင့် ဒရုန်းလေးစင်းကို လေကြောင်းကာကွယ်ရေးစနစ်များဖြင့် ကြားဖြတ်ပစ်ချခဲ့ရကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) က ပြောကြားခဲ့သည်။
ကြားဖြတ်ပစ်ခတ်ခဲ့ရမှုများတွင် ပဲ့ထိန်းဒုံးကျည် ၁၂ စင်း၊ ခရုဇ်ဒုံးကျည် သုံးစင်းအပြင် မောင်းသူမဲ့လေယာဉ်လေးစင်း ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်မှုကြောင့် လူသုံးဦး ဒ-ဏ်ရာရခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။
အီရန်၏ တိုက်ခိုက်မှုများစတင်ခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက် နေ့မှစ၍ ယူအေအီး၏ လေကြောင်းကာကွယ်ရေးစနစ်များက စုစုပေါင်း ဒုံးကျည် ၅၇၈ စင်းနှင့် ဒရုန်း ၂,၂၆၀ စင်းကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုများအတွင်း လူ ၁၃ ဦး ေ-သဆုံးခဲ့ကာ ၂၂၇ ဦး ဒ-ဏ်ရာရခဲ့ကြောင်းလည်း ဆိုထားသည်။
တနင်္လာနေ့အစောပိုင်းတွင် အီရန်ပစ်လွှတ်လိုက်သော ဒရုန်းတစ်စင်း၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ယူအေအီးအရှေ့ဘက်ကမ်းရိုးတန်းရှိ အဓိကစွမ်းအင်ဗဟိုချက်ဖြစ်သော ဖူဂျာရာ ရေနံစက်မှုဇုန်တွင် မီးအကြီးအကျယ်လေ-ာင်ကျွမ်းမှုဖြစ်ခဲ့သည်။
တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံသားသုံးဦး သည် ဒ-ဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး ကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖူဂျာရာရှိ အာဏာပိုင်များက ပြောကြားခဲ့သည်။
Ref: အေအေ
