Home Movies Thai Film Festival 2026 in Myanmar အကြိုလှုပ်ရှားမှုအဖြစ် ထိုင်းရုပ်ရှင် ၃ ကားကို J Cineplex...

Thai Film Festival 2026 in Myanmar အကြိုလှုပ်ရှားမှုအဖြစ် ထိုင်းရုပ်ရှင် ၃ ကားကို J Cineplex ၌ (အခမဲ့) ပြသမည်လာမည့် ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပမည့် Thai Film Festival 2026 in Myanmar အကြိုအစီအစဉ်အဖြစ် မြန်မာနိုင်ငံနှင့် ဆက်နွယ်မှုရှိသော ထိုင်းရုပ်ရှင် (၃) ကားကို Junction City ရှိ J Cineplex ၌ မေ ၈ ရက်မှ ၁၀ ရက်အထိ ပြသသွားမည်ဖြစ်သည်။

0
71

ပူးပေါင်းစီစဉ်မှုနှင့် ပြသမည့်ဇာတ်ကားများ

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)၊ GDH 559 နှင့် J Cineplex တို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်။ ပြသမည့် ဇာတ်ကားများမှာ GOHANThe Red Envelope နှင့် Friend Zone တို့ ဖြစ်ကြသည်။

ပြသမည့်အချိန်စာရင်း

မေ ၈ ရက် (ညနေ ၅ နာရီ): GOHAN (ဖိတ်ကြားထားသူများသာ)။
မေ ၉ ရက်: Friend Zone (နံနက် ၁၀ နာရီခွဲ)၊ The Red Envelope (မွန်းလွဲ ၁ နာရီ)။

မေ ၁၀ ရက်: Friend Zone (နံနက် ၁၀ နာရီခွဲ)၊ The Red Envelope (မွန်းလွဲ ၁ နာရီ)။

လက်မှတ်ရယူနိုင်မည့် နည်းလမ်းများ

The Red Envelope နှင့် Friend Zone ဇာတ်ကားများကို အခမဲ့ ကြည့်ရှုနိုင်မည်ဖြစ်ပြီး လက်မှတ်များကို အောက်ပါအတိုင်း ရယူနိုင်သည် – ၁။Online Booking: www.thaifestivalmyanmar.com/2026/film တွင် ကြိုတင်စာရင်းသွင်းနိုင်သည်။ (ထိုင်ခုံအားလုံး၏ ၆၀ ရာခိုင်နှုန်းအထိသာ။)

၂။ Walk-in: ကျန်ရှိသည့် ၄၀ ရာခိုင်နှုန်းအတွက် မေ ၉ ရက်နှင့် ၁၀ ရက် နံနက် ၉ နာရီမှစတင်ကာ J Cineplex လက်မှတ်ကောင်တာတွင် ဦးသူယူစနစ်ဖြင့် အခမဲ့ ထုတ်ယူနိုင်သည်။

(မှတ်ချက် – Online Booking လုပ်ထားသူများသည် ရုပ်ရှင်မစမီ မိနစ် ၃၀ အလိုအထိ လက်မှတ်ကောင်တာ၌ Code ပြ၍ လက်မှတ်ထုတ်ယူရမည်ဖြစ်သည်။ GOHAN ဇာတ်ကားမှာ အခမဲ့ပြသခြင်း မဟုတ်ဘဲ ဖိတ်ကြားထားသူများအတွက်သာ ဖြစ်သည်။)

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here