ယနေ့ (မေလ (၂)ရက်) ၊ ညနေပိုင်း၌ မအူပင်မြို့တွင် လေပြင်းတို-က်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များ ကျိုးကာ လျှပ်စစ်မီးပြ-တ်တေ-ာက်နေကြောင်း သိရသည်။
အဆိုပါဓာတ်တိုင်များမှာ မအူပင်မြို့သို့ ကျိုက်လတ်ခွဲရုံမှ လျှပ်စစ်ဓါတ်အားပို့လွှတ်ပေးနေသော ၃၃ကေဗွီဓါတ်အားလိုင်းတိုင်များဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်-မအူပင် ၃၃ကေဗွီ ဓါတ်အားလိုင်းသည် ယနေ့ ညနေပိုင်းတွင် တိုက်ခတ်သည့်လေကြောင့် သစ်ပင်ပိ၍ အိုင်၀ိုင်း /တိုးမာလာလမ်းထိပ်တွင် ၃၃ကေဗွီ တိုင်၄လုံးကျိုးသွားပါသဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း မအူပင်မြို့နယ်လျှပ်စစ်တာဝန်ရှိသူတစ်ဦးက ဖော်ပြထားသည်။
“မီးတိုင်တွေကျိုးပြီးလမ်းပေါ်ကိုဓါတ်ကြိုးတွေကျနေတယ်၊ လမ်းလည်းပိတ်နေတယ် ၊ တိုးမာလာလမ်းထိမ်မှာပါ “ဟု မအူပင်မြို့မှ ဒေသခံတစ်ဦးက ပြောကြောင်းသိရသည်။
မအူပင်မြို့တွင် မေလ (၂)ရက်နေ့၊ ညနေပိုင်း၌ မိုးများသည်းထန်စွာရွာသွန်းပြီးလေပြင်းတို-က်ခြင်း ၊ မိုးကြိုးပ-စ်ခြင်းတို့ပါဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။