ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၄၊ ရပ်ကွက် ၅၊ ရပ်ကွက် ၆၊ ရပ်ကွက် ၇ တို့ရှိ နေအိမ် (၁,၅၅၄) လုံးမှာ မီးလေ-ာင်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကော့ကရိတ်မြို့ပြန်လည်တည်ငြိမ်အေး ချမ်းလာချိန်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယင်း မီးလေ-ာင်ပျ-က်စီးခဲ့သည့် နေအိမ်များအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၂ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
” ပြန်လည်တူထောင်ဖို့အတွက် အရင်ဆုံးနေအိမ်ပိုင်ရှင်က ကိုယ့်မြေနေရာကိုသန့်ရှင်းရေးလုပ်ပြီး သက်ဆိုင်ရာကိုသတင်းပို့ရမယ်။ ပြီးရင် မြေပိုင်ဆိုင်ကြောင်းအ ထောက်အထားတိုက်စစ်ပြီးတဲ့အခါ နေအိမ်ပြန်ဆောက်ခွင့်ပေးမယ်။ ဘိလပ်မြေ (၁၀) အိတ်၊ သွပ်အချပ် (၂၀) ထောက်ပံ့ပေးမယ်။ လက်ရှိမှာ ဘိလပ်မြေကရောက်နေပြီ သွပ်ကတော့မရောက်သေးပါဘူး”ဟု ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်က ပြောသည်။
ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက မီးလေ-ာင်ပျ-က်စီးခဲ့သည့်နေအိမ်များအပြင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဆေးရုံ၊ စာသင်ကျောင်း၊ ဌာနဆိုင်ရာရုံးများကိုလည်းပြန်လည်ထူထောင်ရေးအတွက် ကြည့်ရူစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေးတို့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။