ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မီးလေ-ာင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်၊ မော်ကျွန်း-ဝါးခယ်မကားလမ်းပေါ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် နံနက် (၉) နာရီခွဲ ဝန်းကျင်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် ဝါးခယ်မမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၃)စီးနှင့် အနီးအနားနယ်မြေ မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် (၁၀) နာရီ (၁၅) မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဟင်္သာတမြို့နယ်၊ တလုတ္ထော်တိုက်နယ်၊ အမှတ် (၂) ရပ်ကွက်၊ သမိုင်တောင်ဖျားဘုန်းတော်ကြီးကျောင်းအနီးရှိ နေအိမ်တစ်လုံးတွင် မွန်းတည့် (၁၂) နာရီ (၁၀) မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ပြီး ဟင်္သာတမြို့နယ်မီးသတ်စခန်းနှင့် တလုတ္ထော်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ (၁၂ )နာရီ (၂၃) မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စမ်းဝါကြီးရပ်ကွက်၊ အမှတ် (၃) လမ်းမဘေး၌ မြက်ခြောက်မီးလေ-ာင်မှုဖြစ်ပွားခဲ့သဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ (၂) နာရီ (၅၄) မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အလားတူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းတွင်လည်း မွန်းလွဲ (၂) နာရီ (၄၁) မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့သဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၅) စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ (၂) နာရီ (၄၈) မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
