၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်သည်။
ဖွင့်ပွဲကို သံရုံးအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်က အထူးဧည့်ခံပွဲကျင်းပ၍ တရားဝင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
မန္တလေး ဂျက်ဖာဆင်စင်တာသည် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၌ တည်ရှိသည်။
ထိုဂျက်ဖာဆင်စင်တာသည် အမေရိကန်ပြည်ထောင်စုနှင့် အထက်မြန်မာပြည်ကြား ဆယ်စုနှစ်ပေါင်းများစွာ အရေးပါသော ပေါင်းကူးတံတားတခုအဖြစ် တည်ရှိခဲ့ကြောင်းလည်း ဆိုထားသည်။
