စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့အကျဉ်း ထောင်၌ ပြစ်ဒ-ဏ်ကျခံနေရသူများအနက် အကျဉ်းသား (၄) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
ကဆုန်လပြည့်နေ့တွင် နိုင်ငံတစ်ဝန်း ပြစ်ဒ-ဏ်ကျနေသူများအား လွတ်ငြိမ်းသက်သာခွင့်များ ခွင့်ပြုပေးလျက်ရှိရာ ကသာမြို့ အကျဉ်းထောင်မှ (၄) ဦး ပါဝင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတရုံး၏ ဧပြီလ (၃၀) ရက် ရက်စွဲပါ အမိန့်အမှတ် (၅၁/ ၂၀၂၆) အရ လွတ်ငြိမ်းသက်သာခွင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွှဲ (၁) နာရီက ကသာအကျဉ်းထောင်ရှိ ဧရာရန်အောင် ခန်းမတွင်ပြုလုပ်ရာ ကသာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်နှင့် ကသာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းတို့က ဆုံးမဩဝါဒစကား အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကသာအကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဝင်းက လွတ်ငြိမ်းသက်သာခွင့်ရရှိကြသူများအား လွတ်ငြိမ်းချမ်းသာခွင့် ကတ်ပြားနှင့် ခရီးစရိတ်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
