ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် “သံမဏိလူသား” ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ အမှတ်ပေး (KD) ခဲ့ရသည်။ ရော့ထန်သည် ၎င်း၏ ထုံးစံအတိုင်း ပြင်းထန်သည့် တိုက်စစ်များဖြင့် ပြန်လည်တုံ့ပြန်ခဲ့သော်လည်း တာခဲရုက အပြုံးမပျက် တောင့်ခံနိုင်ခဲ့သည့်အပြင် နည်းစနစ်ကျကျဖြင့် ပြန်လည်ဖိအားပေးနိုင်ခဲ့သည်။
အကြိတ်အနယ်ရှိလှသည့် ပွဲစဉ်၏ (၅) ချီမြောက်တွင်မူ တာခဲရု၏ အပြတ်အသတ် ဖိအားပေးမှုအောက်တွင် ရော့ထန်တစ်ယောက် အလဲထိုးခံခဲ့ရပြီး ချန်ပီယံခါးပတ်ကို လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။ ယခုပွဲတွင် တာခဲရု၏ ခံနိုင်ရည်နှင့် နည်းစနစ်ပိုင်း တိုးတက်မှုများမှာ သိသိသာသာ ထင်ရှားခဲ့သော်လည်း ရော့ထန်၏ ဘက်တွင်မူ လေ့ကျင့်မှု ပေါ့လျော့ခြင်းနှင့်အတူ ခံနိုင်ရည်ပိုင်း သိသိသာသာ ကျဆင်းနေသည်ကို အားကစားဝေဖန်သူများက ထောက်ပြနေကြသည်။
ဤရှုံးနိမ့်မှုသည် ရော့ထန်အတွက် သင်ခန်းစာတစ်ခု ဖြစ်လာနိုင်သလို၊ တာခဲရုအတွက်မူ ၎င်း၏ ကစားသမားဘဝတွင် အတောက်ပဆုံးသော အောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် သမိုင်းတွင်ကျန်ရစ်တော့မည် ဖြစ်သည်။
