ရန်ကုန်-ပြည်လမ်းရှိ စိန်ရတုခန်းမရှေ့တွင် စည်ပင်သာယာရေးဌာနမှ Back Hole ယန္တရားဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် 66KV Underground Cable (UG Cable) အား ထိခိုက်မိခဲ့သဖြင့် အရေးပေါ်ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ Cable ထိခိုက်မှုကြောင့် ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်ခွဲရုံမှ ဓာတ်အားပေးထားသည့် ရပ်ကွက်(၂)၊ (၉)၊ (၁၀) နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ခေတ္တဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ အသိပေးထားသည်။
လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံး ပြန်လည်ဓာတ်အားပေးနိုင်ရေးအတွက် အရေးပေါ်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြုပြင်မှုများပြီးစီးပါက ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
