Thursday, April 30, 2026

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး...

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀)...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ်...
HomeMoviesတိုင်းနှင့် ပြည်နယ် (၅)...

တိုင်းနှင့် ပြည်နယ် (၅) ခုရှိ အခြေခံပညာကျောင်းများ၌ Pilot Project အနေဖြင့် Smart School နှင့် Football For School Program အကောင်အထည်ဖော်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ရက် (၁၀၀) အတွင်း Pilot Project အနေဖြင့် Smart School နှင့် Football For School Program များကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့ရှိ အခြေခံပညာကျောင်းများ၌ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အကောင်အထည်ဖော်နိုင်ရန် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်းက ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဧပြီ ၂၆ ရက်တွင်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အားကစားမြှင့်တင်ရေးနှင့် ဘောလုံးအားကစား အဆင့်အတန်းပိုမိုတိုးတက်စေရေးအတွက် အားကစားရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ရက် (၁၀၀) အတွင်း အထက်ပါ တိုင်းနှင့် ပြည်နယ် (၅) ခုရှိ အခြေခံပညာကျောင်းများ၌ Pilot Project အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူက အဖွဲ့ချုပ်အနေဖြင့် ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် Smart School နှင့် Football For School Program လုပ်ငန်းစဉ်များ၊ တိုင်းနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် အခြေခံဘောလုံးသင်တန်းဖွင့်လှစ်နိုင်ရေး၊ နည်းပြမွမ်းမံသင်တန်းများဖွင့်လှစ်နိုင်ရေး၊ မျိုးဆက်သစ်အားကစားသမားအသစ်များရွေးချယ်နိုင်ရေး၊ ပြိုင်ပွဲများကျင်းပနိုင်ရေး၊ ဘောလုံးများထောက်ပံ့ပေးနိုင်ရေး၊ PE ဆရာ/ ဆရာမများနှင့်ဆက်သွယ်၍ တာဝန်ပေးဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု မြင်ကွင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး လွတ်ငြိမ်းခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀) ရက် နံနက်ပိုင်းက လွတ်ပေးခဲ့ကြောင်းသိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ဧပြီလ (၃၀) ရက်ရက်စွဲပါ အမိန့် အမှတ် (၅၁/၂၀၂၆)၊ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် နှစ်စဉ်မပျက် ကျင်းပကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ကောလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူး ကျော်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ဝန် ထမ်းများ၊ ဒေသခံပြည်သူများက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071