၂၆.၄.၂၀၂၆ ရက်နေ့၊ မနက် ၆နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ဓနုဖြူမြို့မဈေးတွင် မီးလောင်နေကြောင်း သတင်းရရှိသည်။
သတင်းအရ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၄)စီးဖြင့် ထွက်ခွာ ငြှိမ်းသတ်လျက်ရှိရာ မနက် ၇ နာရီ ၁၀မိနစ်ခန့်မှာ မီးထိန်းနိင်ခဲ့ကြောင်း သိရသည်။
