Thursday, April 30, 2026

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊...

ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ပြီးနောက် မန္တလေး ဂျက်ဖာဆင်စင်တာ...

၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင်...

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး...

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀)...
HomeNewsLocal Newsကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆိုင်ရာ...

ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနား (၅) မျိုးကို မာရဝိဇယဗုဒ္ဓဥယျာဉ်တော်နှင့် ဥပ္ပါတသန္တိစေတီတော်တို့တွင် နိုင်ငံတော်အဆင့်ဖြင့်ကျင်းပမည်

လာမည့် ဧပြီ ၃၀ ရက်တွင်ကျရောက်မည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနား (၅) မျိုးကို မာရဝိဇယဗုဒ္ဓဥယျာဉ်တော်နှင့် ဥပ္ပါတသန္တိစေတီတော်တို့တွင် နိုင်ငံတော်အဆင့်ဖြင့်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၌ ကြွရောက်တော်မူလာကြမည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ၊ စာတမ်းဖတ်ပွဲ၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ၊ ဆီမီးတိုင်များကိုင်ဆောင်လှည့်လည်ပူဇော်ပွဲ၊ ဓမ္မသဘင်တို့ကို နိုင်ငံတော်အဆင့် အခမ်းအနားများအဖြစ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားများအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင် ဦးဆောင်၍ ဧပြီ ၂၃ ရက်ကကျင်းပခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း ရန်ကုန်တိုင်းရှိမြို့နယ်အချို့တွင် သစ်ပင်လဲကျမှုများဖြစ်ပေါ်

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးခနောင်တို(အရှေ့)ရပ် ကွက်၊ ရေတမာလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ ဦးဖိုးကျားလမ်း၊ ရထားသံလမ်းပေါ်တို့တွင် သစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒဂုံမြို့နယ်၊ ပြည်လမ်းမပေါ်၊ တော်ဝင်စင်တာရှေ့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ထီးတန်းအိမ်ရာရှေ့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၀)ရပ် ကွက်၊ ပုဏ္ဏမီလမ်းမပေါ်၊ ရန်ကင်းမြို့နယ်၊ (၁၆)ရပ် ကွက်၊...

ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ပြီးနောက် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင် ပြန်လည်ဖွင့်လှစ်

၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်သည်။ ဖွင့်ပွဲကို သံရုံးအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်က အထူးဧည့်ခံပွဲကျင်းပ၍ တရားဝင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ မန္တလေး ဂျက်ဖာဆင်စင်တာသည် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၌ တည်ရှိသည်။ ထိုဂျက်ဖာဆင်စင်တာသည် အမေရိကန်ပြည်ထောင်စုနှင့် အထက်မြန်မာပြည်ကြား ဆယ်စုနှစ်ပေါင်းများစွာ အရေးပါသော ပေါင်းကူးတံတားတခုအဖြစ် တည်ရှိခဲ့ကြောင်းလည်း ဆိုထားသည်။

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု မြင်ကွင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071