Friday, April 24, 2026

မကွေး မြသလွန်စေတီတော် တွင် ကဆုန်လပြည့်နေ့...

မကွေးမြို့ရှိ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ညောင်ရေသွန်းပွဲနှင့် သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားစွာ ကျင်းပမည်ဖြစ်​ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း...

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ဆက်လက်မြင့်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဧပြီ ၂၄ ရက်မှ ဧပြီ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်...

လှိုင်သာယာမြို့နယ်တွင် ယနေ့ ဧပြီ ၂၄...

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အစောပိုင်း ၃ နာရီ ၁၈ မိနစ်ခန့်က ဆိုင််ခန်းမီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ...

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့ရှိပြီဖြစ်၍ NCA လက်မှတ်ရေးထိုးထားသော...

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များရှိပြီဖြစ် ၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် UPDJC၊ JMC လုပ်ငန်း စဉ်များကိုပြန်လည်ဆောင်ရွက်မည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...
HomeMoviesအရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၏...

အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ် မတော်ကာကွယ်ရေးဦးစီးချုပ်အားအပ်နှင်း

ဥပဒေကဲ့သို့အာဏာတည်သောအမိန့် (၁ /၂ဝ၂၆)ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့်ပြည်နယ်(၉)ခုမှမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အားအပ်နှင်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပ ဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၂ /၂ဝ၂၆ ဖြင့် ယနေ့ ဧပြီ ၂၃ ရက်ကထုတ်ပြန်ခဲ့သည်။

အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တ ရားဥပဒေစိုးမိုးရေးတို့ မူလအခြေအနေပြန်လည်ရောက်ရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ် မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ ယင်း မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ် နှင်းခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခြင်း(သို့)သင့်လျော်သည့် စစ်ဘက်အာဏာ ပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်းတို့ပြုလုပ်နိုင်မည်ဖြစ်ကာ ယင်း အမိန့်သည်လည်း ရက်ပေါင်း (၉၀)အထိ အတည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကွေး မြသလွန်စေတီတော် တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲ ကျင်းပမည်

မကွေးမြို့ရှိ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ညောင်ရေသွန်းပွဲနှင့် သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားစွာ ကျင်းပမည်ဖြစ်​ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရေး ဦးစီးကော်မတီမှ ကြီးမှူးကာ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်များနှင့် အလှူရှင်များ ပူးပေါင်းပါဝင်မည်ဖြစ်သည်။ ယင်းလှူဒါန်းပွဲတွင် မကွေးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင်...

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ဆက်လက်မြင့်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဧပြီ ၂၄ ရက်မှ ဧပြီ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇၂၈၅ ကျပ်ဖြစ်ကြောင်း စားအုန်းဆီးတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်အပတ်က စားအုန်းဆီလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၆၉၈၅ ကျပ်ဖြစ်သဖြင့် ယခုတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တစ်ပိဿာလျှင် ကျပ် ၃၀၀ မြင့်တက်လာခြင်းဖြစ်သည်။ လက်ရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီအတွင်း စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၆၄၀၀...

လှိုင်သာယာမြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အ စောပိုင်းက ဆိုင်ခန်းမီးလေ_ာင်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အစောပိုင်း ၃ နာရီ ၁၈ မိနစ်ခန့်က ဆိုင််ခန်းမီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက် ၊ ကျန်စစ်သားလမ်းမပေါ်တွင် ဆိုင်ခန်းမီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် နံနက် ၃ နာရီ ၄၆ မိနစ်၌မီးငြိမ်းသွားခဲ့၍ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူ များကစစ်ဆေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071