နိုင်ငံတော်သမ္မတရုံးမှ အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့်ပြည်နယ်(၉)ခုမှ တိုင်းမှူးများအနေဖြင့် စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်သည်ဟု တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အုပ်ချုပ်ရေးအ မိန့်အမှတ် ၂ /၂ဝ၂၆ ဖြင့် ယနေ့ ဧပြီ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။
အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို နိုင်ငံ တော်သမ္မတရုံးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားအပ်နှင်းခဲ့သည်။
ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သက် ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများတွင်ပါဝင်သော ယင်း ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်ပါမြို့နယ်များအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာတိုင်းစစ်ဌာ နချုပ်၊ တိုင်းမှူးများသို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရအပ်နှင်းခဲ့သည်။
ထိုသို့ အပ်နှင်းခဲ့ခြင်းကြောင့် သက်ဆိုင်ရာ တိုင်းမှူးများ သည် အချိန်နှင့်တစ်ပြေးညီပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်ပေါ်မူတည်၍ မိမိကိုယ်တိုင် (သို့)စစ်နယ်မြေမှူးများကိုတာဝန်လွှဲအပ်၍ စစ်အုပ် ချုပ်ရေးအာဏာကျင့်သုံးနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။
