Wednesday, April 22, 2026

မြဝတီမြို့၌ FDA ခွင့်ပြုချက်မရှိသော စားသောက်ကုန်များနှင့်...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ စျေးများနှင့် ရပ်ကွက်အတွင်းရှိ စျေးဆိုင်များမှသိမ်းဆည်းရမိသော FDA ခွင့်ပြုချက်မရှိသည့် စားသောက်ကုန်များနှင့် သက်တမ်းလွန်စာသောက်ကုန်များကို ဧပြီ ၂၁ ရက်က မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း...

ထိန်ပင်အမှိုက်ပုံတွင် ​နေ့စဥ်အမှိုက်တန်ချိန် ၁၂၀၀ ​ကျော်...

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံတွင် နေ့စဉ် အမှိုက်တန်ချိန် ၁၂၀၀ ကျော် စွန့်ပစ်လျက်ရှိကြောင်း ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီမှ သိရသည်။ အဆိုပါ ထိန်ပင်အမှိုက်ပုံသည် ရန်ကုန်မြို့ရှိ အ​နောက်ပိုင်းခရိုင်နှင့်...

ပထမဆုံးအကြိမ်အဖြစ် ထိုင်း-တရုတ် ပူးပေါင်း၍ ရိုဘော့ဖြင့်...

ထိုင်းနိုင်ငံသည် ၎င်း၏ ပထမဆုံးနယ်စပ်ဖြတ်ကျော် တယ်လီရိုဘော့တစ်ခွဲစိတ်ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး နိုင်ငံ၏ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ဆောင်ရွက်မှုတွင် သိသာထင်ရှားသော တိုးတက်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက...

ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား

ကြာသပတေးနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအထက်ပိုင်းသို့ မုန်တိုင်းများကျရောက်နိုင်ပြီး မိုးကြိုးမုန်တိုင်းနှင့် လေပြင်းများတို-က်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ဧပြီလ ၂၃ ရက် နေ့မှ ၂၅ ရက်...
HomeMoviesအာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့...

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ

အာဆီယံတွင်း ဖြစ်ပေါ်တိုးတက် မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေး

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးအောင်မျိုးမြင့် သည် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn အား ယမန်နေ့ ( ဧပြီ ၂၁)ရက်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံစဉ် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးတွင် အာဆီယံ မဏ္ဍိုင် (၃) ရပ်အောက်မှတစ်ဆင့် ဆောင်ရွက်နေမှုများအပါအဝင် အာဆီယံတွင်း ဖြစ်ပေါ်တိုးတက် မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ထိုနောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပခဲ့ပြီးနောက် လွှတ်တော်အစည်းအဝေးများကျင်းပ၍ ဧပြီ ၁၀ ရက်နေ့တွင် အစိုးရသစ်ကိုဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထိုပြင် အစိုးရသစ်၏ ရက်ပေါင်း (၁၀၀) အတွင်း ဦးစားပေး ဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက်လည်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု နှင့် AHA စင်တာမှတစ်ဆင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိမှု အခြေအနေများကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီမြို့၌ FDA ခွင့်ပြုချက်မရှိသော စားသောက်ကုန်များနှင့် သက်တမ်းလွန်စားသောက်ကုန်များကို မီးရှို့ဖျ-က်ဆီး

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ စျေးများနှင့် ရပ်ကွက်အတွင်းရှိ စျေးဆိုင်များမှသိမ်းဆည်းရမိသော FDA ခွင့်ပြုချက်မရှိသည့် စားသောက်ကုန်များနှင့် သက်တမ်းလွန်စာသောက်ကုန်များကို ဧပြီ ၂၁ ရက်က မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက အဖွဲ့(၃)ဖွဲ့ခွဲ၍ မြဝတီမြို့နယ်ရှိ ဘုရင့်နောင်ဈေး၊ ကျွန်းတောဈေး၊ ကြံခင်းဈေး၊ အင်ကြင်းမြိုင်ကျေးရွာနှင့် ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များအားကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးပြီးနောက် သိမ်းဆည်းရမိသည့် ခွင့်ပြုချက်မဲ့ စားသောက်ကုန်များ၊ သက်တမ်းလွန်စားသောက်ကုန်များကို အမှတ်(၁)ရပ်ကွက် ဘောလုံးကွင်းတွင် မီးရှို့ဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ FDA ခွင့်ပြုချက်မရှိသော စားသောက်ကုန်များ ဈေး ကွက်အတွင်းရောင်းချမှုမရှိစေရေးနှင့် ပြည်သူများ အစာအဆိပ်သင့်ခြင်းမဖြစ်စေရေးအတွက်...

ထိန်ပင်အမှိုက်ပုံတွင် ​နေ့စဥ်အမှိုက်တန်ချိန် ၁၂၀၀ ​ကျော် စွန့်ပစ်​နေ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံတွင် နေ့စဉ် အမှိုက်တန်ချိန် ၁၂၀၀ ကျော် စွန့်ပစ်လျက်ရှိကြောင်း ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီမှ သိရသည်။ အဆိုပါ ထိန်ပင်အမှိုက်ပုံသည် ရန်ကုန်မြို့ရှိ အ​နောက်ပိုင်းခရိုင်နှင့် ​မြောက်ပိုင်းခရိုင် မြို့နယ်များမှ စုဆောင်းလာသော အမှိုက်များကို အဓိက စုပေါင်းစွန့်ပစ်ရာ နေရာတစ်ခုဖြစ်ပြီး နေ့စဉ် အမှိုက်တင်ဆောင်လာသည့် ယာဉ်အစီး​ရေ ၇၈ စီးဖြင့် ​ခေါက်​ရေ ၂၀၀ ​​​ကျော်ဖြင့် အမှိုက်များကိုတင်​ဆောင်​နေ​ရ​ကြောင်း သိရသည်။ လက်ရှိတွင် လူဦးရေတိုးပွားလာခြင်းနှင့်အမျှ အမှိုက်ပမာဏလည်း တိုးလာနေပြီး တစ်ရက်လျှင် တန်ချိန် ၁၂၀၀ ကျော်အထိ ရောက်ရှိလာသည်ဟု ဆိုသည်။ အမှိုက်ပုံအနီးနေထိုင်သူများအနေဖြင့်...

ပထမဆုံးအကြိမ်အဖြစ် ထိုင်း-တရုတ် ပူးပေါင်း၍ ရိုဘော့ဖြင့် ခွဲစိပ်မှုကို အဝေးထိန်းစနစ်ဖြင့်ကုသ

ထိုင်းနိုင်ငံသည် ၎င်း၏ ပထမဆုံးနယ်စပ်ဖြတ်ကျော် တယ်လီရိုဘော့တစ်ခွဲစိတ်ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး နိုင်ငံ၏ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ဆောင်ရွက်မှုတွင် သိသာထင်ရှားသော တိုးတက်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ ကုသရေးလုပ်ငန်းစဉ်ကို ဘန်ကောက်မြို့ရှိ Nopparat Rajathanee ဆေးရုံနှင့် ကီလိုမီတာ ၂,၀၀၀ ကျော်အကွာရှိ ချန်ဒူးမြို့ရှိ West China ဆေးရုံတို့ ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ Nopparat Rajathanee ဆေးရုံရှိ လူနာတစ်ဦးသည် စက်ရုပ်အကူအညီဖြင့် သည်းခြေအိတ်ဖယ်ရှားခြင်း ခံယူခဲ့ပြီး ချန်ဒူးရှိ ထိုင်းခွဲစိတ်ဆရာဝန် ဒေါက်တာ ပတ်ထရာပွန်း ဖက်ဖော်ဆရီက အချိန်နှင့်တပြေးညီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071