Wednesday, April 22, 2026

ထိန်ပင်အမှိုက်ပုံတွင် ​နေ့စဥ်အမှိုက်တန်ချိန် ၁၂၀၀ ​ကျော်...

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံတွင် နေ့စဉ် အမှိုက်တန်ချိန် ၁၂၀၀ ကျော် စွန့်ပစ်လျက်ရှိကြောင်း ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီမှ သိရသည်။ အဆိုပါ ထိန်ပင်အမှိုက်ပုံသည် ရန်ကုန်မြို့ရှိ အ​နောက်ပိုင်းခရိုင်နှင့်...

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ

အာဆီယံတွင်း ဖြစ်ပေါ်တိုးတက် မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးအောင်မျိုးမြင့် သည် အာဆီယံအတွင်းရေးမှူးချုပ် Dr....

ပထမဆုံးအကြိမ်အဖြစ် ထိုင်း-တရုတ် ပူးပေါင်း၍ ရိုဘော့ဖြင့်...

ထိုင်းနိုင်ငံသည် ၎င်း၏ ပထမဆုံးနယ်စပ်ဖြတ်ကျော် တယ်လီရိုဘော့တစ်ခွဲစိတ်ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး နိုင်ငံ၏ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ဆောင်ရွက်မှုတွင် သိသာထင်ရှားသော တိုးတက်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက...

ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား

ကြာသပတေးနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအထက်ပိုင်းသို့ မုန်တိုင်းများကျရောက်နိုင်ပြီး မိုးကြိုးမုန်တိုင်းနှင့် လေပြင်းများတို-က်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ဧပြီလ ၂၃ ရက် နေ့မှ ၂၅ ရက်...
HomeInternationalလေကြောင်းခရီးစဉ်များ လျှော့ချပြီး ဆီအပိုဆောင်းခများ...

လေကြောင်းခရီးစဉ်များ လျှော့ချပြီး ဆီအပိုဆောင်းခများ နှစ်ဆတိုးမြင့်

ဧပြီ ၂၂ ရက်

လေယာဉ်ဆီဈေးနှုန်း မြင့်တက်လာသဖြင့်ရပ်တည်နိုင်ရန်အတွက် ထိုင်းနိုင်ငံမှ ပြည်တွင်းလေကြောင်းလိုင်းများသည် အကျိုးအမြတ်နည်းသော ခရီးစဉ်များကို ပေါင်းစည်းပျံသန်းပြီး ခရီးစဉ်အရေအတွက်ကို ဆက်လက်လျှော့ချလျက်ရှိကြောင်း သိရသည်။ တစ်ဖက်တွင်လည်း Japan Airlines နှင့် ANA တို့က ဆီအပိုဆောင်းခများကို နှစ်ဆတိုးမြှင့်လိုက်ရာ ထိုင်းနိုင်ငံသို့ ဦးတည်မည့် ခရီးစဉ်များအတွက် ဆီအပိုဆောင်းခမှာ ဘတ် ၃,၀၀၀ ခန့်မှ ၆,၀၀၀ ခန့်အထိ မြင့်တက်သွားသည်။

ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) ဒုတိယညွှန်ကြားရေးမှူး ဆာရွန် ဘင်ဂျနီရတ်က ကနဦးအစီရင်ခံစာများအရ မေလနှင့် ဇွန်လများတွင် ဝန်ဆောင်မှုအပြည့်ပေးသည့် လေကြောင်းလိုင်းများနှင့် တန်ဖိုးနည်းလေကြောင်းလိုင်း နှစ်ခုလုံးတွင် ခရီးစဉ်အရေအတွက် သိသိသာသာ လျော့နည်းသွားကြောင်း ပြောကြားခဲ့သည်။
Japan Airlines ၏ အဆိုအရ မေလ ၁ ရက် နေ့မှ ဇွန်လ ၃၀ ရက် နေ့ အထိ ဂျပန်-ထိုင်း ခရီးစဉ်များအတွက် ဆီအပိုဆောင်းခမှာ တစ်ကြောင်းလျှင် ယန်း ၁၅,၅၀၀ မှ ၂၉,၆၀၀ (ဘတ် ၃,၁၂၈ မှ ၅,၉၇၄) အထိ မြင့်တက်သွားမည်ဖြစ်ရာ အသွားအပြန် ခရီးစဉ်တစ်ခုအတွက် ဆီအပိုဆောင်းခမှာတင် ၁၁,၉၄၈ ဘတ်အထိ ရှိလာနိုင်ပါသည်။ ANA လေကြောင်းလိုင်းကလည်း ၎င်း၏ ဆီအပိုဆောင်းခကို ယန်း ၁၆,၃၀၀ မှ ၂၉,၀၀၀ (ဘတ် ၃,၂၈၆ မှ ၅,၈၄၆) သို့ ပြင်ဆင်သတ်မှတ်လိုက်သည်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ (TAT) မှ တာဝန်ရှိသူ ပတ္တာရာနောင်းနာ ချင်းမိုင်က ထိုင်းတန်ဖိုးနည်းလေကြောင်းလိုင်းများ ခရီးစဉ်လျှော့ချခြင်းနှင့် ဂျပန်လေကြောင်းလိုင်းများ ဈေးနှုန်းမြှင့်တင်ခြင်းတို့သည် လာမည့်လများတွင် ခရီးသွားလာမှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် မေလ ၁ ရက် အလုပ်သမားနေ့ အားလပ်ရက်အတွက် ကြိုတင်ဘွတ်ကင်လုပ်ထားသူများကို အဆိုပါရုတ်တရက် အပြောင်းအလဲများက မထိခိုက်စေရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိန်ပင်အမှိုက်ပုံတွင် ​နေ့စဥ်အမှိုက်တန်ချိန် ၁၂၀၀ ​ကျော် စွန့်ပစ်​နေ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံတွင် နေ့စဉ် အမှိုက်တန်ချိန် ၁၂၀၀ ကျော် စွန့်ပစ်လျက်ရှိကြောင်း ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီမှ သိရသည်။ အဆိုပါ ထိန်ပင်အမှိုက်ပုံသည် ရန်ကုန်မြို့ရှိ အ​နောက်ပိုင်းခရိုင်နှင့် ​မြောက်ပိုင်းခရိုင် မြို့နယ်များမှ စုဆောင်းလာသော အမှိုက်များကို အဓိက စုပေါင်းစွန့်ပစ်ရာ နေရာတစ်ခုဖြစ်ပြီး နေ့စဉ် အမှိုက်တင်ဆောင်လာသည့် ယာဉ်အစီး​ရေ ၇၈ စီးဖြင့် ​ခေါက်​ရေ ၂၀၀ ​​​ကျော်ဖြင့် အမှိုက်များကိုတင်​ဆောင်​နေ​ရ​ကြောင်း သိရသည်။ လက်ရှိတွင် လူဦးရေတိုးပွားလာခြင်းနှင့်အမျှ အမှိုက်ပမာဏလည်း တိုးလာနေပြီး တစ်ရက်လျှင် တန်ချိန် ၁၂၀၀ ကျော်အထိ ရောက်ရှိလာသည်ဟု ဆိုသည်။ အမှိုက်ပုံအနီးနေထိုင်သူများအနေဖြင့်...

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ

အာဆီယံတွင်း ဖြစ်ပေါ်တိုးတက် မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးအောင်မျိုးမြင့် သည် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn အား ယမန်နေ့ ( ဧပြီ ၂၁)ရက်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းသို့တွေ့ဆုံစဉ် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးတွင် အာဆီယံ မဏ္ဍိုင် (၃) ရပ်အောက်မှတစ်ဆင့် ဆောင်ရွက်နေမှုများအပါအဝင် အာဆီယံတွင်း ဖြစ်ပေါ်တိုးတက် မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြောင်း သိရသည်။ ထိုနောက်...

ပထမဆုံးအကြိမ်အဖြစ် ထိုင်း-တရုတ် ပူးပေါင်း၍ ရိုဘော့ဖြင့် ခွဲစိပ်မှုကို အဝေးထိန်းစနစ်ဖြင့်ကုသ

ထိုင်းနိုင်ငံသည် ၎င်း၏ ပထမဆုံးနယ်စပ်ဖြတ်ကျော် တယ်လီရိုဘော့တစ်ခွဲစိတ်ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး နိုင်ငံ၏ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ဆောင်ရွက်မှုတွင် သိသာထင်ရှားသော တိုးတက်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ ကုသရေးလုပ်ငန်းစဉ်ကို ဘန်ကောက်မြို့ရှိ Nopparat Rajathanee ဆေးရုံနှင့် ကီလိုမီတာ ၂,၀၀၀ ကျော်အကွာရှိ ချန်ဒူးမြို့ရှိ West China ဆေးရုံတို့ ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ Nopparat Rajathanee ဆေးရုံရှိ လူနာတစ်ဦးသည် စက်ရုပ်အကူအညီဖြင့် သည်းခြေအိတ်ဖယ်ရှားခြင်း ခံယူခဲ့ပြီး ချန်ဒူးရှိ ထိုင်းခွဲစိတ်ဆရာဝန် ဒေါက်တာ ပတ်ထရာပွန်း ဖက်ဖော်ဆရီက အချိန်နှင့်တပြေးညီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071