Tuesday, April 21, 2026

၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ငါးတင်ပို့မှုမှ...

၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၄ ဒသမ ၀၁၂ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ...

တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)ရှိ တိရစ္ဆာန်လေးများအတွက် တစ်နေ့တာအာဟာရဒါနအား ငွေကျပ်(၅)သိန်းမှစတင်၍...

တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)တွင် ထိန်းသိမ်းစောင့်ရှောက်ထားသော တိရစ္ဆာန်လေးများပိုမိုကျန်းမာသန်စွမ်းစေရန်နှင့် ကောင်းကျိုးသုခရရှိနိုင်စေရန်အတွက် "Feeding Program"ကို စနစ်တကျစီမံစတင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစီအစဥ်အရ အသား၊ အသီးအနှံ၊ အစာခြောက် တိရစ္ဆာန်အားလုံးအတွက်ပါဝင်သော...

ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့၌ ယနေ့ ဧပြီ...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့တို့၌ ယနေ့ ဧပြီ ၂၁ ရက်ညနေပိုင်းက နာရီပိုင်းသာခြား၍ မီးလေ_ာင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊...

ကရင်ပြည်နယ်အစိုးရ၏ ရက်(၁၀၀)စီမံချက် ကော့ကရိတ်မြို့နယ်တွင် ယနေ့...

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများအတွက် ရက်(၁၀၀)စီမံချက်ကို ကော့ကရိတ်မြို့နယ်တွင် ယနေ့ ဧပြီ ၂၁ ရက်မှစတင်ကာအကောင်အထည် ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ရက်(၁၀၀)စီမံချက်အဖြစ် ကော့ကရိတ်ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အမှတ်(၅)ရပ်ကွက်တွင် သန်းခေါင်စာရင်း၊...
HomeNewsLocal NewsMAI နှင့် Perkasa...

MAI နှင့် Perkasa Flight School ပူးပေါင်း၍ အနာဂတ်လေယာဉ်မှူးများအတွက် Cadet Pilot Program ဖွင့်လှစ်မည်

လေကြောင်းလုပ်ငန်းကို စိတ်ဝင်စားပြီး လေယာဉ်မှူးတစ်ယောက်အဖြစ် အိပ်မက်ကို အကောင်အထည်ဖော်လိုသူများအတွက် ရည်ရွယ်၍ အနာဂတ်လေယာဉ်မှူးများအတွက် Cadet Pilot Program ကို မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) နှင့် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တို့ ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း MAI မှ သိရသည်။

အဆိုပါ Cadet Pilot Program တွင် Ground School သင်တန်းများ၊ လက်တွေ့ Flight Training များနှင့် Simulator Training များကို ပေါင်းစပ်သင်ကြားပေးမည်ဖြစ်ပြီး လေယာဉ်မှူးတစ်ဦးအဖြစ် ရပ်တည်နိုင်ရန် လိုအပ်သည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့် လေကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အပြည့်အဝ လေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နည်းစနစ်ကျသော လေယာဉ်မှူးလေ့ကျင့်ရေးအစီအစဉ်၊ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများနှင့် လေယာဉ်မှူးအဖြစ်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

Program ကာလအတွင်း စွမ်းဆောင်ရည်ကောင်းမွန်သော သင်တန်းသားများကို MAI ၏ သတ်မှတ်ထားသော အလုပ်ခန့်အပ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လေယာဉ်မှူးအဖြစ် ခန့်အပ်ရာတွင် ဦးစားပေးစဉ်းစားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာ ၄၀၄ သန်းကျော် ဝင်ငွေရရှိ

၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၄ ဒသမ ၀၁၂ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း ငါး မက်ထရစ်တန် ၃၂၆,၃၂၉ ဒသမ ၆၁၈ တန် တင်ပို့နိုင်ခဲ့ပြီး ထိုမှတစ်ဆင့် အဆိုပါ ဝင်ငွေကို ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းတင်ပို့မှုများကို ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှု နှစ်မျိုးလုံးမှ...

တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)ရှိ တိရစ္ဆာန်လေးများအတွက် တစ်နေ့တာအာဟာရဒါနအား ငွေကျပ်(၅)သိန်းမှစတင်၍ လှူဒါန်းကျွေးမွေးနိုင်ပြီဖြစ်

တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)တွင် ထိန်းသိမ်းစောင့်ရှောက်ထားသော တိရစ္ဆာန်လေးများပိုမိုကျန်းမာသန်စွမ်းစေရန်နှင့် ကောင်းကျိုးသုခရရှိနိုင်စေရန်အတွက် "Feeding Program"ကို စနစ်တကျစီမံစတင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစီအစဥ်အရ အသား၊ အသီးအနှံ၊ အစာခြောက် တိရစ္ဆာန်အားလုံးအတွက်ပါဝင်သော အာဟာရအစုံ တစ်နေ့တာအာဟာရဒါနအား(၂၅)သိန်းကျပ်၊ အသားစားသတ္တဝါများအတွက် တစ်နေ့တာအာဟာရဒါနအား(၁၀)သိန်းကျပ်၊ အသီးအနှံစားသတ္တဝါများအတွက် တစ်နေ့တာအာဟာရဒါနအား(၁၀)သိန်းကျပ်၊ အစာခြောက်စားသတ္တဝါများအတွက် တစ်နေ့တာအာဟာရဒါနအား (၅)သိန်းကျပ်တို့ဖြင့်လှူဒါန်းကျွေးမွေးနိုင်ကြောင်း သိရသည်။ "Feeding Program"သည် တိရစ္ဆာန်လေးများ၏ အာ ဟာရလိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက လှူဒါန်းကျွေးမွေးသူများအတွက်လည်း ကုသိုလ်ရစေမည့် အလွန်ကောင်းမွန်သော အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့၌ ယနေ့ ဧပြီ ၂၁ ရက်ညနေပိုင်းက နာရီပိုင်းသာခြား၍မီးလေ_ာင်မှုများဖြစ်ပွား

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့တို့၌ ယနေ့ ဧပြီ ၂၁ ရက်ညနေပိုင်းက နာရီပိုင်းသာခြား၍ မီးလေ_ာင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၄) ရပ်ကွက်၊ မြိတ်လမ်းရှိ အဆောက်အအုံတစ်လုံးတွင် ည ၆ နာရီ ၄၇ မိနစ်ခန့်ကမီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာ ရီ ၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်ကလည်း မန္တလေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071