ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) မှ အကြံပြုချက် (၃၂၆) ချက်ကို သက်ဆိုင်ရာဌာနများသို့ ပေးပို့နိုင်ခဲ့ကြောင်း MNHRC ၏ နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် တိုင်စာများ စုံစမ်းစစ်ဆေးခြင်း၊ ရဲစခန်း၊ အချုပ်ခန်း နှင့် တရားရုံအချုပ်ခန်းများ အပါအဝင်၊ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း (၂၁) ခု၊ လူငယ်သင်တန်း ကျောင်း၊ မသန်စွမ်းကျောင်း ၊ ဘိုးဘွားရိပ်သာ (၁၀) ခုကို သွားရောက်စစ်ဆေးခဲ့ပြီး တွေ့ရှိချက်များအပေါ် အကြံပြုချက် (၃၂၆) ချက်ကို သက်ဆိုင်ရာဌာနများသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MNHRC ၏ ၂၀၂၅ နှစ်ပတ်လည် အစီရင်ခံစာကို မြန်မာဘာသာဖြင့် ၂၀၂၆ ခုနှစ် မတ်လတွင် ထုတ်ပြန်ထားပြီး လူ့အခွင့်အရေးကော်မရှင် ဝက်ဆိုဒ်တွင်လည်း ဖော်ပြထားကြောင်း သိရသည်။
ထို့ပြင် အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာကို ဝေဖန်အကြံပြုလိုပါက ကော်မရှင်ရုံး၊ အမှတ် (၂၇)၊ ပြည်လမ်း၊ ၆ မိုင်ခွဲ ရှိ MNHRC ရုံးသို့လည်းကောင်း၊ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်း အကြံပြုနိုင်ကြောင်း သိရသည်။
