Home Movies လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မိဘပြည်သူများအားလုံးက နိုင်ငံတော်ငြိမ်းချမ်းသာယာရေးကို အလေး ထားဆောင်ရွက်ပေးကြရန် ဒုတိယသမ္မတဒေါ်နန်းနီနီအေးတိုက်တွန်း

လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မိဘပြည်သူများအားလုံးက နိုင်ငံတော်ငြိမ်းချမ်းသာယာရေးကို အလေး ထားဆောင်ရွက်ပေးကြရန် ဒုတိယသမ္မတဒေါ်နန်းနီနီအေးတိုက်တွန်း

0
95

နိုင်ငံတော်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးမှ ယနေ့ ဧပြီ ၁၇ ရက်တွင်ကျရောက်သည့် မြန်မာနှစ်သစ်ကူး(နှစ်ဆန်းတစ်ရက်နေ့)က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာ၌ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် မြန်မာနိုင်ငံတော်ကြီးသည် ပြည်သူများ လိုလားတောင့်တချက်နှင့်အညီ ဒီမိုကရေစီလမ်း ကြောင်းပေါ်ပြန်လည်ရောက်ရှိပြီး နိုင်ငံတော်သစ်ကြီးကို စတင်တည်ဆောက်အကောင်အထည်ဖော်နေပြီဖြစ်ရာ နိုင်ငံတော်သစ်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကျသည့် နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့ကို မိမိတို့နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ကြရန်လိုအပ်သည်ဟု တိုက်တွန်းပြောကြားသည်။

” နိုင်ငံတော်ရှေ့ဆက်ရမယ့် ခရီးကိစ္စအဝဝအတွက် နိုင် ငံတော်တည်ငြိမ်အေးချမ်းရေးဟာအဓိကကျပါတယ်။ ဒါ့ကြောင့် ဒီနေ့ ကျွန်မတို့ကြုံတွေ့နေရတဲ့ ဆူပူအကြမ်း ဖက်မှုတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေအမြန်ချုပ်ငြိမ်းပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မိဘပြည်သူ များအားလုံးက နိုင်ငံတော်ငြိမ်းချမ်းသာယာရေးကို အ လေးထားဆောင်ရွက်ပေးကြဖို့တိုက်တွန်းမှာကြားလိုပါတယ်”ဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေးက ပြောသည်။

ထို့ပြင် ပြည်သူများ၏ လိုအင်ဆန္ဒနှင့်အညီ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို အတူတကွလက်တွဲတည် ဆောက်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ပေးကြရန် တိုက် တွန်းလိုကာ ငြိမ်းချမ်းသာယာသည့် လူမှုပတ်ဝန်းကျင်တည်ဆောက်ပြီး ပြည်သူအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်သွားမည်ဟု ပြောသည်။

မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့် စည်းလုံးညီညွတ်သော အင်အား၊ ပြည် ထောင်စုစိတ်ဓာတ်တို့ဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုကာကွယ်စောင့် ရှောက်ပေးကြရန်၊ နိုင်ငံနှင့် လူမျိုးအကျိုးကို ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှကြိုးစားဆောင်ရွက်ပေးကြရန်လည်း ဒုတိယသမ္မတဒေါ်နန်းနီနီအေးကတိုက်တွန်းပြောကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here