Thursday, April 16, 2026

သင်္ကြန်အကြတ်နေ့နှင့် မန္တလေးမြို့

မန္တလေးမြို့တွင် သင်္ကြန်ပွဲတော်အား မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် မန္တလေးကျုံးပတ်လည် ၌ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များဖြင့်ကျင်းပလျက်ရှိရာ ယနေ့ ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)တွင် နံနကိပိုင်းမှစတင်၍ ညပိုင်းအချိန်အထိ...

အာဆီယံ ယူ-၁၇ လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်းအသင်းကို...

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ASEAN U17 Boys' Championship 2026 ပြိုင်ပွဲ အုပ်စု ပွဲစဉ် ဒုတိယ ပွဲစဉ်အဖြစ် ထိုင်း...

ပြည်သူ့ရင်ပြင် အကြတ်နေ့လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်မြင်ကွင်းများ

ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်အကြတ်နေ့ မြင်ကွင်းများဖြစ်သည်။ သင်္ကြန် အကြတ်နေ့၌ ပြည်သူ့ရင်ပြင်တွင် ရေကစားကြသည့် သင်္ကြန်​မောင်မယ်များကို အောင်ဇမ္ဗူနှင့် အဖွဲ့ဝင်များ၊နာမည်ကြီး အနုပညာရှင်များမှတေးသီချင်းများဖြင့်ဖျော်ဖြေလျက်ရှိသလိုလာရောက်ဆင်နွှဲသူများအတွက်...

စွမ်းအင်နှင့်ပတ်သက်၍ တရုတ်ကို ကူညီရန် ရုရှား...

ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ စွမ်းအင်တိုးမြှင့်တင်ပို့သွားရန် အသင့်ရှိကြောင်း ဧပြီလ ၁၅ ရက် နေ့ က ပေကျင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်လင်းပွဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး...
HomeMoviesဟောမုဇ်ပြဿနာဆက်ရှိနေပါကကမ္ဘာသည်ကပ်ဘေးနှင့် ရင်ဆိုင်ရမည်

ဟောမုဇ်ပြဿနာဆက်ရှိနေပါကကမ္ဘာသည်ကပ်ဘေးနှင့် ရင်ဆိုင်ရမည်

ဟောမုဇ်ရေလက်ကြားကို နှစ်ရှည်လများ ပိတ်ဆို့သောကြောင့် လမ်းကြောင်းပြတ်တောက်သွားပါက ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာ ကပ်ဘေး ဖြစ်ပေါ်လာနိုင်သဖြင့် စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို) က အီရန်နှင့်အမေရိက-အစ္စရေးစစ်ပွဲကြောင့် အရေးပါသော စိုက်ပျိုးရေး သုံးပစ္စည်း များ တင်ပို့မှု ပိတ်ဆို့နေဆဲဖြစ်ကြောင်း သတိပေးထားသည်။

ယခုရှိ နေသေးသော ကုန် လက်ကျန်များသည် စစ်ပွဲ၏ ဂယက်ကို ခံနိုင်ရည် ရှိသောကြောင့် အစားအသောက်စျေးနှုန်းများသည် မြင့်တက်ခြင်းမရှိသေးကြောင်း အက်ဖ်အေအို ဘောဂဗေဒပညာရှင် Maximo Torero က အက်ဖ်အေအို စိုက်ပျိုးရေးစားနပ်ရိက္ခာစီးပွားရေးဌာနခွဲ ဒါရိုက်တာ David Laborde နှင့် တနင်္လာနေ့က တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

သို့သော် ရေလက်ကြားကိုဖြတ်၍ သွားလာမှုကို ပြန်လည်စတင် ခြင်းမရှိပါက စွမ်းအင်နှင့် ဓာတ်မြေသြဇာဈေးကွက်များ၏ ရိုက်ခတ်မှု ကြောင့် ယခုနှစ်နှောင်းပိုင်းနှင့် 2027 ခုနှစ်များတွင်  ကုန်ပစ္စည်းစျေးနှုန်းများနှင့် လက်လီစျေးနှုန်းများ တက်သွားမည်ဖြစ်ကြောင်း Laborde က ပြောကြားခဲ့သည်။
အဓိက စိုက်ပျိုးရေးသွင်းအားစု၏ 20 မှ 45 ရာခိုင်နှုန်းသည် ဟောမုဇ် ရေလက်ကြားကိုဖြတ်၍ ပင်လယ်လမ်းကြောင်း ပေါ်တွင် မှီခိုနေရသည်ဟု အက်ဖ်အေအို ကပြောသည်။

“ကျွန်ုပ်တို့သည် သွင်းအားစုအကျပ်အတည်းတစ်ခုတွင် ရှိနေသည်၊ ၎င်း အကျပ်အတည်း မှ  ကပ်ဆိုက်သည့် အဖြစ်သို့ မရောက်လိုပါ” ဟု Laborde က ပြောကြားခဲ့သည်။ “ကပ်ဆိုက်တဲ့ အခြေအနေ မရောက်ဖို့က ကျွန်တော်တို့ လုပ်ဆောင်မှုတွေပေါ်မှာ မူတည်ပါတယ်”။

Ref အယ်လ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သင်္ကြန်အကြတ်နေ့နှင့် မန္တလေးမြို့

မန္တလေးမြို့တွင် သင်္ကြန်ပွဲတော်အား မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် မန္တလေးကျုံးပတ်လည် ၌ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များဖြင့်ကျင်းပလျက်ရှိရာ ယနေ့ ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)တွင် နံနကိပိုင်းမှစတင်၍ ညပိုင်းအချိန်အထိ ရေကစားသူများနှင့်ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။ မန္တလေးသင်္ကြန်၌ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ တေးသံရှင်များ၊ ပြိိုင်ပွဲဝင်ယိမ်းအကအဖွဲ့များက သီဆိုကပြဖျော်ဖြေပေးခဲ့ကြသည်။

အာဆီယံ ယူ-၁၇ လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် မြန်မာအသင်း အနိုင်ရ

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ASEAN U17 Boys' Championship 2026 ပြိုင်ပွဲ အုပ်စု ပွဲစဉ် ဒုတိယ ပွဲစဉ်အဖြစ် ထိုင်း အသင်းနှင့် မြန်မာအသင်းတို့ ယနေ့ ဧပြီ ၁၅ ရက် တွင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိ နှင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့က အုပ်စု ပထမဆုံးပွဲစဉ်အဖြစ် လာအိုအသင်း နှင့် ယှဉ်ပြိုင်ခဲ့ပြီး ဂိုးမရှိ သရေကျထားခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာအသင်း...

ပြည်သူ့ရင်ပြင် အကြတ်နေ့လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်မြင်ကွင်းများ

ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်အကြတ်နေ့ မြင်ကွင်းများဖြစ်သည်။ သင်္ကြန် အကြတ်နေ့၌ ပြည်သူ့ရင်ပြင်တွင် ရေကစားကြသည့် သင်္ကြန်​မောင်မယ်များကို အောင်ဇမ္ဗူနှင့် အဖွဲ့ဝင်များ၊နာမည်ကြီး အနုပညာရှင်များမှတေးသီချင်းများဖြင့်ဖျော်ဖြေလျက်ရှိသလိုလာရောက်ဆင်နွှဲသူများအတွက် သနပ်ခါးလိမ်းခြယ်နိုင်သည့် နေရာများကိုလည်း စီစဉ်ပေးထားသည်။ အလားတူ ကလေးများဆော့ကစားနိုင်ရန် ရေမြုပ်မဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များလည်း ပါဝင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071