အရှေ့အလယ်ပိုင်းစစ်ပွဲသည် လေကြောင်းကဏ္ဍကိုဆက်လက် ထိခို_က်နေရာ ဂျက်လေယာဉ် လောင်စာဆီ ဈေးတက်ခြင်းကြောင့် တောင်ကိုးရီးယား လေကြောင်းလိုင်းများသည် ခရီးစဉ်များကို ညှိနှိုင်းပြောင်းလဲရသည် သို့မဟုတ် အချို့ ထိုင်းခရီးစဉ်များကို ဆိုင်းငံ့ထား ခဲ့ရသည်။
T’way Air မှ သုဝဏ္ဏဘူမိနှင့် အင်ချွန်းလေဆိပ်တို့အကြား နေ့စဉ် ပျံသန်းပြေးဆွဲမည့် ခရီးစဉ်များကို မေလ ၉ ရက် နေ့အထိသာ ဆက်လက်ထားရှိမည်ဖြစ်ပြီး မေလ ၁၀ ရက်မှ ဇူလိုင် ၁၄ ရက်အထိ တပတ်လျှင် ၂ ကြိမ် သာပျံသန်းတော့မည်ဖြစ်ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ကြေညာထားသည်။
တန်ဖိုးနည်းလေကြောင်းလိုင်းသည် ဘန်ကောက်နှင့် ဒေဂူကြားရှိ လေကြောင်းခရီးစဉ်အားလုံးကို ဇူလိုင်လ ၁၅ ရက် နေ့အထိ ဆိုင်းငံ့ထားပြီး ခရီးသည်လောင်စာဆီ အပိုကြေးကို ဘတ် ၁,၉၀၀ မှ ၂,၈၅၀ ဘတ်အထိ တိုးမြှင့်ထားသည်။
T’way Air သည် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် ၎င်း၏ အရေးပေါ် စီမံခန့်ခွဲမှု ၏တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်း၏ လေယာဉ်အမှုထမ်းအချို့ကို မေလနှင့် ဇွန်လတွင် လစာမပေးဘဲ ထားရန် စီစဉ်နေကြောင်း Joongang Ilbo နေ့စဉ် သတင်းစာ၏ တနင်္လာနေ့ သတင်းစာတွင် ဖော်ပြခဲ့သည်။ ဝန်ထမ်းအလုပ်ရပ်နားစေခြင်းမှာ ယာယီသာ ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်ကဆန္ဒပြုသော ဝန်ထမ်းများသာ အဆိုပါ အစီအစဉ်တွင်ပါဝင်မည်ဖြစ်ကြောင်း အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
နောက်ထပ် လေကြောင်းလိုင်း တစ်လိုင်းဖြစ်သည့် အဲရ်ဘူဆန်သည် မေလ ၁၃၊ ၁၆၊ ၂၀၊ ၂၃၊ ၂၇ နှင့် ၃၀ ရက်တို့တွင် ဘန်ကောက်နှင့် ဘူဆန်အကြား ပျံသန်းမှု ခရီးစဉ် ခြောက်ကြိမ်ကို ဖျ_က်သိမ်းမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်ဟုသိရသည်။
Ref ဘန်ကောက်ပို့စ်
