Saturday, May 30, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...

ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်...

နိုင်ငံတကာအဆင့် ဩဇာအာဏာနှင့်သံတမန်ရေးရာ ဗျူဟာများပါဝင်နေမည့် မြန်မာ -အိန္ဒိယ "မဟာဗျူဟာမြောက် တွေ့ဆုံမှုကြီး" အတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးဆောင်သော အဖွဲ့သည် ဒေလီမြို့သို့...
HomeInternational၀မ်ယိနှင့် ကင်မ်တို့ တွေ့ဆုံ

၀မ်ယိနှင့် ကင်မ်တို့ တွေ့ဆုံ

တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် အရေးပါသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သင့်ကြောင်းကို သောကြာနေ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံဘက်မှသတင်းထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
         
ကင်မ်သည် မော်စကိုနှင့် ဆက်ဆံရေးကို မြှင့်တင်နေခဲ့မှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်ဖက်အပြန်အလှန်ဆက်ဆံမှုများ ရပ်တန့်သွားခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရန် ရည်ရွယ်၍ ကြာသပတေးနေ့မှစကာ ဝန်ကြီးဝမ်ယိ ပြုံယမ်းသို့ နှစ်ရက်ကြာခရီး ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။
      
“နိုင်ငံတကာအခြေအနေတွေ ရှုပ်ထွေးပြီး မငြိမ်သက်ဖြစ်နေတဲ့အချိန်မှာ တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ အဓိကကျတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း ကိစ္စရပ်တွေမှာ ဆက်သွယ်ရေးနဲ့ ညှိနှိုင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းအောင် ဆောင်ရွက်သင့်ပါတယ်” ဟု ဝမ်က ကင်မ်ကို ပြောခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
       
နှစ်နိုင်ငံအကြား အဆင့်အသီးသီးတွင် အပြန်အလှန်ဆက်ဆံမှုနှင့် ဆက်သွယ်မှု ပိုမိုအားကောင်းရန် လိုအပ်ကြောင်း ကင်မ်ကလည်း အလေးပေးပြောကြားခဲ့ကာ ဘုံအကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ဆက်ဆံရေးပိုမိုခိုင်မာရန် အရေးကြီးကြောင်း ဆက်လက်ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက စနေနေ့တွင် သတင်းဖော်ပြခဲ့သည်။
       
ဝမ်သည် ကြာသပေတေးနေ့တွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး ပြုံယမ်းနှင့် နှစ်နိုင်ငံဆက်ဆံရေးဖွံဖြိုးတိုးတက်မှုတွင် အပြုသဘောဆောင်သော အရှိန်အဟုန်ကို ဆက်လက်ခိုင်မာစေရန် ကတိပြုခဲ့သည်။
       
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် လာမည့်လတွင် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် မျှော်လင့်ရသည်။ ထရမ့်ပ်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် စိတ်ဝင်စားကြောင်းကို ယခင်က ပြသထားသည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဖူးမြှော်

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ ဆရာတော်၊ သံဃာများအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် မြတ်စွာဘုရားရှင်၏ ဘဝအလှည့်အပြောင်းနှင့် ဆက်နွယ်သည့် သာသနာရေးဆိုင်ရာအထိမ်းအမှတ်နေရာဖြစ်သော သုဇာတာကျောင်းတော်နှင့် သုဇာတာအိမ်နေရာစေတီကုန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ သုဇာတာကျောင်းတော်သည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာအနီး ဆေနာနိဂမ်ကျေးရွာအနီးတွင်တည်ရှိကာ မြတ်စွာဘုရားရှင်၏ သာသနာရေးသမိုင်းနှင့်ဆက်နွယ်သော အရေးပါသည့်ဘုရားဖူးနေရာတစ်ခုဖြစ်သည်။ မြတ်စွာဘုရားရှင်သည် သမ္မာသမ္ဗောဓိဉာဏ်တော်မရရှိမှီ အလွန်ပြင်းထန်သော တရားကျင့်စဉ်ကာလအတွင်း ခန္ဓာကိုယ်အားနည်းနေစဉ် သုဇာတာအမည်ရှိ...

ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညို

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းဆပ်ကပ်လှူဒါန်းခဲ့သည်။ နားနေဆောင်၌ အလှူငွေများလှူဒါန်းပြီး ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။ ဗုဒ္ဓဂါယာသို့ နိုင်ငံ့ခေါင်းဆောင်များသွားရောက်ဖူးမြော်ခြင်းသည် ဘာသာရေးဆိုင်ရာအရေးပါမှုအပြင် မြန် မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဆက်ဆံရေးမြှင့်တင်ရေးအတွက်လည်း အထူးအဓိပ္ပာယ်ရှိသည်။ ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင်ရှိပြီး ဂေါတမဗုဒ္ဓသည် ဗောဓိပင်အောက်တွင် သမ္မာသမ္ဗောဓိဉာဏ်တော်ရရှိခဲ့၍ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အ မြတ်ထားရာသမိုင်းဝင်ဘုရားဖူးဒေသဖြစ်ကာ မဟာဗောဓိစေတီတော်နှင့် ဗောဓိပင်တော်တို့သည် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ၏ယုံကြည်ကိုးကွယ်ရာ အ ထင်ကရနေရာများဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071