နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး နှင့် ကုန်သွယ်မှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေး
မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် သည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr . Kirti Vardhan Singh ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ တွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ၏ ဧည့်ဆောင်တော်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲ သို့ နိုင်ငံတော် သမ္မတ နှင့် အတူ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့လည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှုတွင် အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာရန် ဒရာမိုဒီ က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
ထိုနောက် နှစ်နိုင်ငံအကြား နယ်နိမိတ်များ ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် နှင့်အညီ ရှည်လျားခိုင်မာသည့် သံတမန်ဆက်ဆံရေးရှိ မှု နှင့် ချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာလျက်ရှိသည် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် ကုန်သွယ်ရေး ကဏ္ဍတွင် ရူပီးနှင့် ကျပ်ငွေတို့ကို တိုက်ရိုက်ပေးချေနိုင်ရေး သဘောတူညပြီးဖြစ်သဖြင့် ကုန်သွယ်မှုများတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည် အခြေအနေများ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများ အမြန်ဆုံး အကောင်ထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများ နှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး နှင့် နယ်စပ်ဒေသ ကုန်သွယ်မှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ နှင် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
