Wednesday, April 8, 2026

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံ၌ ဆွမ်းတော်ဆက်ကပ်ခြင်းနှင့် မင်္ဂလာအခမ်းအနားများ...

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် မြန်မာနှစ်သစ်မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်...

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၌ လမ်းလျှောက်သင်္ကြန်ကျင်းပမည်

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊ ညောင်ဦးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်၌ လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။ အဆိုပါ လမ်းလျှောက်သင်္ကြန်အတွက် ညောင်ဦးမြိုနယ်၊ ပုဂံမြို့ဟောင်း၊ တောင်ဘီကျေးရွာအနီး သရပါတံခါးမှ ဗူးဘုရားလမ်းဆုံအထိ ရေကစားမဏ္ဍပ်များနှင့်...

MFF ၏ နွေရာသီအခြေခံဘောလုံးသင်တန်း(ပထမအသုတ်)သင်တန်းဆင်း

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ အခမဲ့ဖွင့်လှစ်ခဲ့သည့် "MFF Summer Football Skills Course 2026" (ပထမအသုတ်) သင်တန်းဆင်းပွဲကို ယနေ့ ဧပြီ ၈...

CI ထုတ်ပေးရေးစခန်းများကို သင်္ကြန်တွင်း၌ပိတ်ထားမည်

ထိုင်းနိုင်တွင်ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်(CI)ထုတ်ပေးရေးစခန်းများဖွင့်လှစ်၍ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော CI ထုတ်ပေးရေးစခန်းများကို မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ...
HomeNewsLocal Newsသင်္ကြန်ရုံးပိတ်ရက်များ တွင် သတင်းစာများ...

သင်္ကြန်ရုံးပိတ်ရက်များ တွင် သတင်းစာများ အလှည့်ကျ ထုတ်ဝေမည်

မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ နေ့စဉ်ထုတ်သတင်းစာများကို အလှည့်ကျထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရက်တို့တွင် မြန်မာ့အလင်းသတင်းစာနှင့် The Global New Light of Myanmar သတင်းစာတို့ကို ထုတ်ဝေမည်ဖြစ်ပြီး ကြေးမုံသတင်းစာကို ခေတ္တရပ်နားသွားမည် ဖြစ်သည်။

ဧပြီ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉ ရက်တို့တွင် ကြေးမုံသတင်းစာကို ထုတ်ဝေမည်ဖြစ်ပြီး မြန်မာ့အလင်း သတင်းစာနှင့် The Global New Light of Myanmar သတင်းစာတို့ကို ခေတ္တရပ်နားသွားမည်ဖြစ်သည်။

ထို့အတူ ကိုယ်ပွားသတင်းစာတိုက်(တောင်ကြီး)မှ (ကြာသပတေးနေ့)တိုင်း ထုတ်ဝေသည့် ရှမ်းဘာသာတိုင်းရင်းသား ကဏ္ဍအချပ်ပိုကို ဧပြီ ၁၆ ရက်နေ့တွင်လည်းကောင်း၊ ကိုယ်ပွားသတင်းစာတိုက်(မော်လမြိုင်)မှ (တနင်္ဂနွေနေ့)တိုင်း ထုတ်ဝေလျက်ရှိသည့် မွန်၊ စကောကရင်၊ ပိုးကရင်၊ ပအိုဝ်းတိုင်းရင်းသားဘာသာအချပ်ပိုကို ဧပြီ ၁၂ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် လည်းကောင်း ရပ်နားမည်ဖြစ်ပြီး သင်္ကြန်ရုံးပိတ်ရက်ကာလကျော်လွန်ပါက ပုံမှန်ပြန်လည် ထုတ်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစာကြော်ငြာများကိုမူ သတင်းစာတိုက်များ၏ အလှည့်ကျပိတ်ရက်ကာလများတွင် ပိတ်ရက်မရှိ လက်ခံသွားမည်ဖြစ်ပြီး ဧပြီ ၂၀ ရက်နေ့မှစ၍ သတင်းစာများအားလုံး ပုံမှန်အတိုင်း ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံ၌ ဆွမ်းတော်ဆက်ကပ်ခြင်းနှင့် မင်္ဂလာအခမ်းအနားများ ပြုလုပ်မည်

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် မြန်မာနှစ်သစ်မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ အခမ်းအနားကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပမည်ဖြစ်ပြီး မနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။ ထို့နောက် မနက် ၅ နာရီခွဲတွင် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေး သံဃာတော်များအား အရုဏ်ဆွမ်း...

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၌ လမ်းလျှောက်သင်္ကြန်ကျင်းပမည်

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊ ညောင်ဦးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်၌ လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။ အဆိုပါ လမ်းလျှောက်သင်္ကြန်အတွက် ညောင်ဦးမြိုနယ်၊ ပုဂံမြို့ဟောင်း၊ တောင်ဘီကျေးရွာအနီး သရပါတံခါးမှ ဗူးဘုရားလမ်းဆုံအထိ ရေကစားမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များဆောက်လုပ်လျက်ရှိရာ ရေကစားမ ဏ္ဍပ်များတည်ဆောက်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောက်လုပ်နေရာ၌ အမိုးပိုက်စိမ်းစများအုပ်မိုးခြင်း၊ ပုဂံထီး/ပုသိမ်ထီးအလှဆင်ခြင်းတို့ကို ညောင်ဦးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကြိုတင်ပြင်ဆင်မှုများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

MFF ၏ နွေရာသီအခြေခံဘောလုံးသင်တန်း(ပထမအသုတ်)သင်တန်းဆင်း

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ အခမဲ့ဖွင့်လှစ်ခဲ့သည့် "MFF Summer Football Skills Course 2026" (ပထမအသုတ်) သင်တန်းဆင်းပွဲကို ယနေ့ ဧပြီ ၈ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားဘောလုံးအ ကယ်ဒမီ၌ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းကို မြန်မာနိုင်ငံရှိလူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် မျိုးဆက်သစ်ဘောလုံးသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သင်တန်းကို အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်းရှိ ကလေးငယ်များအား မတ် ၉ ရက်မှ ဧပြီ ၈ ရက်အထိ တစ်လကြာဖွင့်လှစ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန် ကုန်တိုင်းတွင်(၇၀၀)ဦး၊ မန္တလေးတိုင်းတွင်(၄၀၀) ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071