ကူဝိတ်အစိုးရက ထုတ်ပြန်ထားသည့် အချက်များကို တိကျစွာ လိုက်နာရန် ကူဝိတ်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
ထိုသို့လိုက်နာခြင်းဖြင့် ဥပဒေအရ အရေးယူခံရမှုများမှ ကင်းဝေးစေရန် ရည်ရွယ်သည်ဟုလည်း ဆိုသည်။
အသိပေးချက်တွင် စစ်တပ် (သို့မဟုတ်) လုံခြုံရေးအဆောက်အအုံများ၊ ကန့်သတ်နယ်မြေများ(သို့မဟုတ်) အရေးကြီးသည့်နေရာများ အနီးသို့ မကပ်ရန် အသိပေးသည်။
ထို့ပြင် ဓါတ်ပုံ၊ ဗီဒီယိုရို-က်ကူးခြင်း၊ ရို-က်ကူးထားသည့် ဓါတ်ပုံ ၊ ဗီဒီယိုတို့ကို Facebook, TikTok ၊ အခြားလူမှုကွန်ရက်များပေါ်သို့ တင်ခြင်း၊ တဆင့်ပြန်လည်ဖြန့်ဝေခြင်းများမပြု လုပ်ကြရန်လည်း ပါဝင်သည်။
ထို့ပြင် ဒုံးကျည်ပစ်ခတ်မှုများကို ဗီဒီယိုရို-က်ကူးခြင်း ၊ ကောင်းကင်ယံတွင် ဒုံးကျည်များအား ကြားဖြတ်ဟန့်တားပ-စ်ခ-တ်နေသည့် မြင်ကွင်းများကို ဗီဒီယိုရို-က်ကူးခြင်း (သို့မဟုတ်) ဓာတ်ပုံရို_က်ခြင်း လုံးဝမပြုလုပ်ကြရန်လည်း အသိပေးထား သည်။
ထိုနည်းတူ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ဆောင်ချက်များကို မရိုက်ကူးရန် ၊ တာဝန်ဝတ္တရားများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ လှုပ်ရှားမှုများကို ရိုက်ကူးခြင်း (သို့မဟုတ်) ထုတ်လွှင့်ခြင်း မပြုရန်လည်း သတိပေးထားသည်။
ကောလာဟလများကို ဖြန့်ဝေခြင်းသည် လုံခြုံရေးလုပ်ငန်းစဉ်များကို အနှောင့်အယှက်ဖြစ်စေသဖြင့် တရားဝင် သတင်းရင်းမြစ်များမှ ထုတ်ပြန်ချက်များကိုသာ ဖတ်ရှုရန်လည်း အသိပေးသည်။
အရေးပေါ်အခြေအနေများ (သို့မဟုတ် ) မသင်္ကာဖွယ်ရာများတွေ့ရှိပါက Hotline 112 သို့ ဆက်သွယ်ရန်လည်း မြန် မာသံရုံးက သတိပေးထုတ်ပြန်ထားသည်။
