Thursday, April 30, 2026

ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသည့် အနုပညာရှင်လေးဦး လွတ်ငြိမ်းဖြင့်...

ရွေးကောက်ပွဲကိုဝေဖန်မှုဖြင့် ဖမ်းဆီးခံထားရသည့်အနုပညာရှင်လေးဦးသည် လွတ်ငြိမ်းဖြင့် ယနေ့တွင် လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၎င်တို့မှာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ လူရွှင်တော်အုန်းဒိုင်း၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်တို့ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၅...

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ...

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊...

ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ပြီးနောက် မန္တလေး ဂျက်ဖာဆင်စင်တာ...

၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင်...
HomeNewsLocal Newsမြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း IMEI...

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်စနစ် (CEIR) ကို မတ်လမှ စတင်အသုံးပြုမည်

ပြည်သူများ လက်ရှိအသုံးပြုနေသည့် မိုဘိုင်းဖုန်းများ အခွန်ပေးဆောင်ရန် မလိုအပ်ဘဲ ဆက်လက်အသုံးပြုနိုင်

မြန်မာနိုင်ငံတွင် မိုဘိုင်းလက်ကိုင်ဖုန်းများနှင့် မိုဘိုင်းကွန်ရက်အသုံးပြု ဆက်သွယ်ရေးစက်ပစ္စည်းများ၏ မူရင်းအမှတ်အသားဖြစ်သည့် IMEI ကို မှတ်ပုံတင်စစ်ဆေးနိုင်ရန် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register – CEIR) ကို ၂၀၂၆ ခုနှစ် မတ်လ ပထမပတ်မှ စတင်အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက အသိပေးကြေညာခဲ့သည်။

အဆိုပါစနစ်ကို မိုဘိုင်းလက်ကိုင်ဖုန်း အသုံးပြုသူများအနေဖြင့် စံချိန်စံညွှန်းနှင့် ကိုက်ညီပြီး နိုင်ငံတော်သို့ ကျသင့်အခွန်များ ပေးဆောင်ထားသည့် ဖုန်းများကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြည်သူများ အသုံးပြုနေသည့် မိုဘိုင်းဖုန်းများကို အခွန်ပေးဆောင်ရန် မလိုအပ်ဘဲ ဆက်လက်အသုံးပြုနိုင်ရန် CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် အလိုအလျောက် ထည့်သွင်းပေးသွားမည်ဖြစ်ပြီး၊ ထိုစာရင်းတွင် ပါဝင်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ မတိုင်မီ ဆက်သွယ်ရေးကွန်ရက်များဖြစ်သည့် MPT၊ ATOM၊ Ooredoo နှင့် Mytel တို့၏ SIM ကဒ်များ ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ပြည်ပမှ မိုဘိုင်းလက်ကိုင်ဖုန်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို တင်သွင်းလိုသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ကျသင့်အခွန်များ ပေးဆောင်ပြီးပါက CEIR စနစ်၏ ခွင့်ပြုစာရင်းတွင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ CEIR ခွင့်ပြုစာရင်းတွင် မပါရှိသည့် မိုဘိုင်းဖုန်းများကို မိုဘိုင်းကွန်ရက်များနှင့် ချိတ်ဆက်အသုံးပြုချိန်မှစ၍ ရက်ပေါင်း ၃၀ အတွင်း ယာယီအသုံးပြုခွင့်သာ ရရှိမည်ဖြစ်ပြီး ယင်းကာလအတွင်း ကျသင့်အခွန်နှင့် ဒဏ်ကြေးများ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသုံးပြုသူများအနေဖြင့် မိမိတို့၏ မိုဘိုင်းဖုန်း IMEI နံပါတ်ကို CEIR ဝက်ဘ်ဆိုက်ဖြစ်သည့် www.ceir.gov.mm တွင် ထည့်သွင်းစစ်ဆေးနိုင်ပြီး အီလက်ထရောနစ်ငွေပေးချေမှု နည်းလမ်းများဖြင့် ကျသင့်အခွန်နှင့် ဒဏ်ကြေးများကို ပေးဆောင်နိုင်မည်ဖြစ်သည်။

ထို့အပြင် နယ်စပ်ဒေသများနှင့် အင်တာနက်ရရှိရန်ခက်ခဲသည့် ဒေသများရှိ ပြည်သူများအတွက် ပြည်တွင်းအခွန်များဦးစီးဌာနရုံးများနှင့် အကောက်ခွန်ဦးစီးဌာနရုံးများတွင်လည်း ကျသင့်အခွန်နှင့် ဒဏ်ကြေးများကို ပေးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက CEIR ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ပြီး CEIR Call Center နံပါတ်များဖြစ်သည့် ၁၅၇၇ နှင့် ၁၇၅၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသည့် အနုပညာရှင်လေးဦး လွတ်ငြိမ်းဖြင့် လွတ်မြောက်လာ

ရွေးကောက်ပွဲကိုဝေဖန်မှုဖြင့် ဖမ်းဆီးခံထားရသည့်အနုပညာရှင်လေးဦးသည် လွတ်ငြိမ်းဖြင့် ယနေ့တွင် လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၎င်တို့မှာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ လူရွှင်တော်အုန်းဒိုင်း၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်တို့ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး ပုဒ်မ ၂၃ (က) နှင့် အမိန့်ချခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်ပါဝင်နိုင်စေရန် ရည်ရွယ်၍ ယနေ့တွင် အကျဥ်းသား/သူ ၁၅၀၈ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီးနောက်၎င်းတို့လေးဦး ပါဝင်လာခဲ့ခြင်းဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားဟု ဒေါက်တာသက်ခိုင်ဝင်းပြော

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand Hotel Phayathai ၌ ဧပြီလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပပြု လုပ်နေသည့် “၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ အ သည်းရောင်ရောဂါဆိုင်ရာညီလာခံ” သို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတက်ရောက်စဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ် သည်။ အဆိုပါ ညီလာခံကို "မည်သူမျှ နောက် ကျမကျန်စေရ" (Elimination...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း ရန်ကုန်တိုင်းရှိမြို့နယ်အချို့တွင် သစ်ပင်လဲကျမှုများဖြစ်ပေါ်

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးခနောင်တို(အရှေ့)ရပ် ကွက်၊ ရေတမာလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ ဦးဖိုးကျားလမ်း၊ ရထားသံလမ်းပေါ်တို့တွင် သစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒဂုံမြို့နယ်၊ ပြည်လမ်းမပေါ်၊ တော်ဝင်စင်တာရှေ့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ထီးတန်းအိမ်ရာရှေ့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၀)ရပ် ကွက်၊ ပုဏ္ဏမီလမ်းမပေါ်၊ ရန်ကင်းမြို့နယ်၊ (၁၆)ရပ် ကွက်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071