မျိုးဆက်သစ်လူငယ်များ အာကာသဆိုင်ရာသိပ္ပံပညာရပ်များကိုလက်တွေ့ကျကျလေ့လာခွင့်ရပြီး စိတ်ကူးအိပ်မက်များအားပုံဖော်ပြသခွင့်ရပြီဖြစ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသူ/ နိုင်ငံသားများ အာကာသဆိုင်ရာပညာ ရပ်များကို လေ့လာဆည်းပူးနိုင်ရန် အာကာသပြတိုက် (ရန်ကုန်)ကြီးကိုဖွင့်လှစ်ပြီး အာကာသဆိုင်ရာနည်းပ ညာများအတွက် မျိုးစေ့ချပေးခဲ့ပြီးဖြစ်၍ မျိုးဆက်သစ်လူငယ်များအနေဖြင့် အာကာသဆိုင်ရာသိပ္ပံပညာရပ်များကို လက်တွေ့ကျကျလေ့လာခွင့်ရခဲ့ကာ မိမိတို့ စိတ်ကူးအိပ်မက်များကိုလည်း ပုံဖော်ပြသခွင့်ရခဲ့ပြီဟု ပြောသည်။
” အာကာသပြတိုက်(ရန်ကုန်)ကို စတင်ဖွင့်လှစ်ခဲ့တဲ့ရက်ကစပြီး ဒီနေ့အချိန်အထိ အချိန်တိုကာလအတွင်းမှာ လူ ဦးရေ(၁၄၀,၀၀၀)ခန့်အထိလာရောက်လေ့လာခဲ့ပြီး ပြ တိုက်ကိုနိုင်ငံတကာအဆင့်မှီ အရှေ့တောင်အာရှရဲ့ ထိပ်တန်းအာကာသပြတိုက်တစ်ခုအဖြစ် တိုးချဲ့ပြသနိုင်ဖို့အတွက်အဆင့်မြှင့်တင်တာတွေဆောင်ရွက်သွား မှာပါ”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက ပြော သည်။
ထို့ပြင် အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိကျင်းပခဲ့ရာ အခြေခံပညာမူလတန်းအဆင့်အတွက် “အာကာသသူရဲကောင်း”ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် (၂,၀၇၄)ဦး၊ အလယ်တန်းအဆင့်အတွက် “စူးစမ်းလေ့ လာ အာကာသကမ္ဘာ” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် (၁,၉၆၂)ဦး၊ အခြေခံပညာအထက်တန်းအဆင့်အ တွက် “အနာဂတ် အာကာသနည်းပညာ”ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်(၁,၆၉၅)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ဟု ပြောသည်။
” အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်တွေအနေနဲ့ အာကာသသိပ္ပံနဲ့ နည်းပညာတွေကို စိတ်ဝင်စားပြီး အနု ပညာကတဆင့် သိပ္ပံဆိုင်ရာစိတ်ကူးစိတ်သန်းတွေဖော် ထုတ်ပြသနိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပြိုင်ပွဲကြီးကို ကျင်းပခဲ့တာဖြစ်ပါတယ်။ အာကာသဆိုင်ရာသိပ္ပံပ ညာရပ်နဲ့ပတ်သက်ပြီး အခြေခံပညာအဆင့် ကျောင်း သား/ကျောင်းသူတွေရဲ့စိတ်အားထက်သန်မှုတွေကို တွေ့မြင်ရပါတယ်။ ဒါ့ကြောင့် မျိုးဆက်သစ်ကျောင်း သား/ကျောင်းသူတွေအနေနဲ့ မိမိတို့ဝါသနာပါရာ ပညာ ရပ်တွေကို ဆက်လက်ကြိုးစားလေ့လာဆည်းပူးသွားကြဖို့တိုက်တွန်းပြောကြားလိုပါတယ်”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောသည်။
အဆိုပါ ပြိုင်ပွဲကာလအတွင်း၌ စက်ရုပ်ပြကွက်များ၊ အာကာသနည်းပညာပြခန်းများခင်းကျင်းပြသခဲ့ရာ ၃ ရက်နှင့် ပြိုင်ပွဲဝင်များရဲ့ လက်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာခင်းကျင်းပြသသည့်နေ့အထိ (၄)ရက်အတွင်း လာရောက်ကြည့်ရှု့သူ(၂)သိန်းခွဲခန့်အထိဝင်ရောက်ခဲ့ကြောင်း သိရသည်။
