Wednesday, April 8, 2026

MFF ၏ နွေရာသီအခြေခံဘောလုံးသင်တန်း(ပထမအသုတ်)သင်တန်းဆင်း

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ အခမဲ့ဖွင့်လှစ်ခဲ့သည့် "MFF Summer Football Skills Course 2026" (ပထမအသုတ်) သင်တန်းဆင်းပွဲကို ယနေ့ ဧပြီ ၈...

CI ထုတ်ပေးရေးစခန်းများကို သင်္ကြန်တွင်း၌ပိတ်ထားမည်

ထိုင်းနိုင်တွင်ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်(CI)ထုတ်ပေးရေးစခန်းများဖွင့်လှစ်၍ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော CI ထုတ်ပေးရေးစခန်းများကို မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ...

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် မြတ်စွယ်တော်တိုက်အသစ်တည်ဆောက်မည်

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ မြတ်စွယ်တော်တိုက်ကိုအသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တည်ဆောက်ရန် မြေသန့်ပန္နက်တော်တင်မင်္ဂလာအား ယနေ့ ဧပြီ ၈ ရက်နံနက်ပိုင်းကကျင်းပရာ စေတီတော်မြတ်ကြီး၏...

အပစ်ရပ်ရေးသဘောတူညီချက်ကြောင့်ရေနံစိမ်းဈေးကျ၊ စတော့ဈေးများ ပြန်တက်

အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို တေရန်က ဖွင့်ပေးရမည့်အချက်ပါဝင်သည့် အမေရိကနှင့် အီရန်အကြား သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရယူနိုင်ခဲ့ပြီးနောက် ရေနံဈေးနှုန်းများ ကျဆင်းသွားခဲ့ပြီး စတော့ရှယ်ယာဈေးများ ပြန်လည်မြင့်တက်ခဲ့သည်။ အစ္စလာမ်မစ်သမ္မတနိုင်ငံအနေဖြင့်...
HomeNewsLocal Newsမျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)တွင် ပြသလိုပါက အွန်လိုင်းမှကြိုတင်စာရင်းသွင်းနိုင်

မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)တွင် ပြသလိုပါက အွန်လိုင်းမှကြိုတင်စာရင်းသွင်းနိုင်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ နတ်မောက်လမ်းရှိ မျက်စိရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်)တွင် ထိပ်တန်းမျက်စိအထူးကုဆရာဝန်ကြီးများမှ စက်ကိရိယာအစုံအလင်ဖြင့် (၂၄)နာရီကုသပေးလျက်ရှိကြောင်း သိရသည်။

ရုံးဖွင့်ရက်များတွင်မျက်ခွံ၊ မျက်ရည်လမ်းကြောင်းနှင့် မျက်လုံးအိမ်ပိုင်းဆိုင်ရာ မျက်စိရောဂါအထူးစမ်းသပ်ခြင်း၊  မြင်လွှာနှင့် မျက်စိနောက်ခန်းဆိုင်ရာ မျက်စိအထူးစမ်းသပ်ခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာနေ့များတွင် မျက်ကြည်လွှာဆိုင်ရာ မျက်စိအထူးစမ်းသပ်ခြင်း၊ တနင်္လာ၊ အင်္ဂါ၊ ကြာသာပတေး၊ သောကြာနေ့များတွင်  ရေတိမ်ရောဂါမျက်စိအထူးစမ်းသပ်ခြင်း၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့များတွင် ကလေးမျက်စိရောဂါဆိုင်ရာမျက်စိအထူးစမ်းသပ်ခြင်းတို့ကိုလည်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အရေးပေါ်ဌာနကိုလည်း ၂၄ နာရီဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ထို့ပြင် မျက်စိအထူးကုဆေးရုံကြီး၏ ပထမထပ်(B) ဆောင်တွင် ကလေးမျက်စိစွေရောဂါများ၊ မွေးရာပါကလေးမျက်စိရောဂါများ၊ မြင်လွှာကင်ဆာရောဂါများ၊ မွေးရာပါအတွင်းတိမ်ရောဂါ၊ ထိခို-က်အတွင်းတိမ်ရောဂါ၊ မွေးကင်းစကလေးမြင်လွှာသွေးကြောပွားရောဂါတို့ကိုလည်း စမ်းသပ်ခြင်း၊ ကုသခြင်းများ၊ ခွဲစိတ်ခြင်းများအား သက်ဆိုင်ရာဆရာဝန်ကြီးများကကုသပေးလျက်ရှိကြောင်း သိရသည်။

 မျက်တွင်းမှန်ဘီလူးထည့်မရသူများ၊ မျက်တွင်းမှန်ဘီလူးဆိုင်းကြိုးပြုတ်နေသူများကိုလည်း ခေတ်မီနည်းပညာဖြင့် မှန်ဘီလူး ပြန်လည်ထည့်ပေးခြင်း၊ ကိုယ်ခံအားကျဆင်းသောရောဂါများနှင့် သွေးလေးဖက်နာရောဂါများကြောင့် နောက်ဆက်တွဲဖြစ်သော မျက်တွင်းရောင်ရောဂါများကိုလည်းကုသပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ကုသမှုခံယူလိုသော မျက်စိဝေဒနာရှင်များအနေဖြင့် Online မှတစ်ဆင့်(သို့) ဖုန်း ၀၉ ၈၈၈၆၂၉၉၅၄ ၊ ၀၉ ၇၅၅၈၉၈၀၀၈ ၊ ၀၉ ၈၈၈၆၂၉၉၄၅ ၊ ၀၉ ၈၈၈၆၂၉၉၅၄ တို့သို့ဆက်သွယ် ၍ ဘိုကင်တင်နိုင်ကြောင်း သိရသည်။

Online ကြိုတင်ဘွတ်ကင်တင်လိုသူများအနေဖြင့် 𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 ကို 𝐏𝐥𝐚𝐲𝐬𝐭𝐨𝐫𝐞 / 𝐀𝐩𝐩 𝐒𝐭𝐨𝐫𝐞 တို့တွင်ဒေါင်းလုခ်ဆွဲကာ ဘိုကင်တင်နိုင်ပြီး အွန်လိုင်းဘိုကင်တင်ထားကြောင်းကို ဆေးရုံရောက်ရှိပါကပြရမည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉ ၉၇၃၈၀၀၀၄၄ နှင့် ၀၉ ၉၄၁၅၅၅၉၅၅ တို့သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MFF ၏ နွေရာသီအခြေခံဘောလုံးသင်တန်း(ပထမအသုတ်)သင်တန်းဆင်း

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ အခမဲ့ဖွင့်လှစ်ခဲ့သည့် "MFF Summer Football Skills Course 2026" (ပထမအသုတ်) သင်တန်းဆင်းပွဲကို ယနေ့ ဧပြီ ၈ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားဘောလုံးအ ကယ်ဒမီ၌ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းကို မြန်မာနိုင်ငံရှိလူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် မျိုးဆက်သစ်ဘောလုံးသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သင်တန်းကို အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်းရှိ ကလေးငယ်များအား မတ် ၉ ရက်မှ ဧပြီ ၈ ရက်အထိ တစ်လကြာဖွင့်လှစ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန် ကုန်တိုင်းတွင်(၇၀၀)ဦး၊ မန္တလေးတိုင်းတွင်(၄၀၀) ဦး၊...

CI ထုတ်ပေးရေးစခန်းများကို သင်္ကြန်တွင်း၌ပိတ်ထားမည်

ထိုင်းနိုင်တွင်ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်(CI)ထုတ်ပေးရေးစခန်းများဖွင့်လှစ်၍ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော CI ထုတ်ပေးရေးစခန်းများကို မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ ဧပြီ ၁၇ ရက်အထိ ယာယီပိတ်ပြီး လုပ်ငန်းများအားလုံးကိုရပ်နားထားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ဧပြီ ၁၈ ရက်မှစတင်၍ CI ထုတ်ပေးရေးစခန်းများကိုပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပြီး လုပ်ငန်းစဥ်များအားလုံးကိုပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် မြတ်စွယ်တော်တိုက်အသစ်တည်ဆောက်မည်

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ မြတ်စွယ်တော်တိုက်ကိုအသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တည်ဆောက်ရန် မြေသန့်ပန္နက်တော်တင်မင်္ဂလာအား ယနေ့ ဧပြီ ၈ ရက်နံနက်ပိုင်းကကျင်းပရာ စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများကြွရောက်တော်မူ၍ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက မြတ်စွယ်တော်တိုက်တည်ဆောက်ရန် ပန္နက်တော်တင်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071