အောင်ဆန်း အားကစားကွင်းအား ငလျင်ဒဏ်အပါအဝင် သဘာဘေးအန္တရာယ်ခံနိုင်စေရေး တရုတ်နိုင်ငံအကူအညီဖြင့် အဆင့်မြင့်တင်တည်ဆောက်မည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောကြားသည်။
ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အောင်ဆန်းအားကစားကွင်းအဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းကော်မတီအတွက် ပထမဆုံးအကြိမ်ခေါ်ယူခြင်းဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံ၏ အကူအညီဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် သက်တမ်းကြာမြင့်ပြီဖြစ်သည့် အောင်ဆန်းအားကစားကွင်းကို ကျွမ်းကျင်ပညာရှင်များ၏ ကြည့်ရှုစစ်ဆေးခဲ့မှုအရ ၇ဝ ရာခိုင်နှုန်းခန့် ပျ-က်စီးနေ၍ အန္တရာယ်ရှိသည့်အ တွက် ပြေးလမ်းပါဝင်သော ခေတ်မီအားကစားရုံအသစ်တည်ဆောက်သင့်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်အကြံပြု အကြောင်းကြားလာသည့်အတွက် ယခုကဲ့သို့ ပြန်လည်တည်ဆောက်ခြင်းဖြစ်ကြောင်း ဆိုသည်။
ထို့ကြောင့် အောင်ဆန်းအား ကစားကွင်းအားငလျင်ဒ-ဏ်အပါအဝင် သဘာဝဘေး အန္တရာယ်ဒ-ဏ်၊ ရာသီဥတုဒ-ဏ်ခံနိုင်စေရေးနှင့် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီစေရေး ဦးစားပေး တည်ဆောက်သွားရန်အတွက် တာဝန်ရှိသူများက ဝိုင်းဝန်းစိစစ်ကြပ်မတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်သူများသည် အလွန်အရေးကြီးသည့်အပြင်တည်ဆောက်ပြီးစီးမှုများကို အပိုင်းလိုက်၊ ရာခိုင်နှုန်းအလိုက် စစ်ဆေးရသည့် QC (Quality Control)စစ်ဆေးရေးအဖွဲ့များ၏ အခန်းကဏ္ဍနှင့် တာဝန်များမှာလည်း အရေးကြီကြောင်းလည်း မှာကြားသည်။
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ရှိသည့် အဆိုပါ အောင်ဆန်းအားကစားကွင်းသည် ၁၆.၁၃၂ ဧက ကျယ်ဝန်းပြီး ၁၉ဝ၆ ခုနှစ်တွင် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အင်ဂျင်နီ ယာအဖွဲ့(ဦးကောက်)မှစတင်ဆောက် လုပ်ခဲ့သည်ဟုသိရှိခဲ့ရပြီး အောင်ဆန်းအား ကစားကွင်း၏ မူလအမည်မှာ BAA(Buma Athletic Association Groun d) ဖြစ်ပြီး အောင်ဆန်းအားကစားကွင်းတွင် ပြည်တွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများအပြင် အထူးတလည် အမှတ်တရဖြစ်စေမည့် ပြပွဲများဖြစ်သည့် ရေခဲပေါ်မှအားလပ်ရက်နေ့ (Holiday on Ice)ခေါ် ရေခဲပြင်ပြပွဲကြီးကို ကျင်းပပြုလုပ်ခဲ့သည့် အထင်ကရ အားကစားကွင်းတစ်ခုဖြစ်သည်။
၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်တွင် အားကစားကွင်းအမည်ကို BAA မှ အောင်ဆန်းအားကစားပြိုင်ဝင်းအဖြစ်ပြောင်း လဲကြေညာခဲ့ပြီး အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲကို ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တို့တွင် အိမ်ရှင်အဖြစ် (၂) ကြိမ်လက်ခံကျင်းပခဲ့ပြီး (၂)ကြိမ်စလုံးတွင် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။
