Thursday, February 19, 2026

ဒလတံတားဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေလာ

သင်္ဘောစီး ခရီးသည်များလည်းရှိနေသေးသဖြင့် သင်္ဘောအသုံးပြုမှုများပြားဆဲဖြစ် ရန်ကုန်မြို့နှင့် ဒလမြို့နယ်ကို ဆက်သွယ်ထားသည့် ဒလတံတား ဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေချောမွေ့လာခဲ့သော်လည်း ချယ်ရီသင်္ဘောနှင့် သဗ္ဗာန်များ အသုံးပြုနေသည့် ခရီးသည်အရေအတွက်မှာ...

ကုန်ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်မည်–ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အသစ် တာရစ်ရာမန်သည် သူ၏ ပါတီက အပြ-တ်အသ-တ်အနိုင်ရရှိခဲ့သော လွှတ်တော်ရွေးကောက်ပွဲများအပြီး၌ မွတ်ဆလင်တို့၏ မြင့်မြတ်သော ရမ်ဇာန်လအတွင်း ကုန်ဈေးနှုန်းများကို တည်ငြိမ်စေရန်၊ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်ရန်နှင့်...

ဗင်နီဇွဲလားယာယီသမ္မတနှင့်ယူအက်စ် တောင်ပိုင်းတိုင်းမှူးဆွေးနွေး

ကာရာကတ်စ်/ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက် ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီ ဂေး သည် အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှူး ဖရန်စစ် ဒိုနိုဗန်...

ဒီယေဂိုဂါးရှားကျွန်း ငှားရမ်းမှုနှင့်ပတ်သက်၍ဗြိတိန်ကိုထရမ့်ပ်ဝေဖန်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက် အိန္ဒိယသမုဒ္ဒရာရှိ ချားဂိုးစ်ကျွန်းစုတွင် တည်ရှိပြီး အမေရိက-ဗြိတိန်တို့အတွက် အဓိကကျသော စစ်အခြေစိုက်စခန်းဖြစ်သည့် ဒီယေဂိုဂါးရှားကျွန်းကို ဗြိတိန်၏ ငှားရမ်းမှုအစီအစဉ်သည် "အမှားကြီးတစ်ခု"...
HomeNewsLocal Newsမုံရွာမြို့ကန်သာယာ ညစျေး (Night...

မုံရွာမြို့ကန်သာယာ ညစျေး (Night Market) ဖွင့်လှစ်မည်

စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့၌ အပန်းဖြေလိုသူများ၊ ညဘက်စျေးဝယ်လိုသူများအတွက် ကန်သာယာညစျေး(Night Market)ကို အရှေ့ဘက်ကန်သာယာ တောင်ဘက်ကွင်းတွင် (၁၂) ပေပတ်လည်ရှိ စျေးဆိုင်ခန်းပေါင်း (၁၁၀) ခန်း တည် ဆောက်ပြီး ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

အရှေ့ဘက်ကန်သာယာ၏ တောင်ဘက်ကွင်း၌ စျေးဆိုင်ပေါင်း (၁၁၀) ကို ညစျေးအဖြစ် ခင်းကျင်းရောင်းချပေးမည်ဖြစ်သည့်အပြင် ဖျော်ဖြေရေးအစီအစဥ်များပါ ဆောင်ရွက်ပေးမည်ဖြစ်၍ နေ့ပိုင်းမအားလပ်သူများ၊ ဝန်ထမ်းများ၊ ညပိုင်း အပန်းဖြေလိုသူများအတွက် တေးသံသာများ နှင့်အတူ ကန်သာယာ၏ ညရှုခင်းကိုခံစားရင်း လိုအပ်သည့် စားသော က်ကုန်များကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၊ သာစည်စျေး၊ ဗန္ဓုလစျေး၊ အောင်ချမ်းသာစျေးစသည့် စျေးများတွင် ဒေသထွက်ကုန်များ၊ စားသောက်ကုန်များ၊ အဝတ်အထည်များကို နေ့ဘက်တွင်သာ ဖွင့်ပေးသဖြင့် နေ့ပိုင်းတွင် အလုပ်လုပ်နေသူများ၊ ဝန်ထမ်းများ၊ နေ့ပိုင်းမအားလပ်သူများအတွက် စျေးဝယ်ယူရန် အခက်အခဲ ဖြစ်လျှက်ရှိသည်။

ထို့ပြင် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ ကျောက္ကာလမ်းရှိ မော် တော်ယာဥ်ရောင်းဝယ်ယူရေးစင်တာကိုလည်း မကြာမီဖွင့်လှစ်တော့မည်ဖြစ်ရာမော်တော်ယာဥ်ရောင်းဝယ်ရေးစင်တာတွင် ပင်မအဆောက်အဦး (၄) ခုပါရှိပြီး ဆိုင်ခန်းပေါင်း (၄၁) ခန်းပါရှိသည်။

စင်တာတွင် မော်တော်ကားပစ္စည်းနှင့် ကားအလှဆင်ပစ္စည်း အရောင်းဆိုင် (၁၀) ဆိုင်၊ မော်တော်ယာဥ်ပြုပြင်ရေးလုပ်င န်း (၈) ခု၊ ကားရေဆေးဆီလိုက်လုပ်ငန်း (၁)ခု၊ မော်တော် ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင် (၈)ဆိုင်၊ စားသောက်ဆိုင် (၉) ဆိုင်၊ ဆံသနှင့် အလှပြင်ဆိုင် (၁)ဆိုင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒလတံတားဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေလာ

သင်္ဘောစီး ခရီးသည်များလည်းရှိနေသေးသဖြင့် သင်္ဘောအသုံးပြုမှုများပြားဆဲဖြစ် ရန်ကုန်မြို့နှင့် ဒလမြို့နယ်ကို ဆက်သွယ်ထားသည့် ဒလတံတား ဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေချောမွေ့လာခဲ့သော်လည်း ချယ်ရီသင်္ဘောနှင့် သဗ္ဗာန်များ အသုံးပြုနေသည့် ခရီးသည်အရေအတွက်မှာ များပြားနေဆဲဖြစ်ကြောင်း သိရသည်။ ဒလတံတား ဖွင့်လှစ်ခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေတိုးတက်လာခဲ့သည်။ သို့ရာတွင် ရန်ကုန်မြို့နှင့် ဒလမြို့အကြား နေ့စဉ် လုပ်ငန်းသွားလာသူများ၊ သင်္ဘောစီးခြင်းကို အလေ့အထဖြစ်နေသူများနှင့် ခရီးသွားအချို့က ချယ်ရီသင်္ဘောနှင့် သဗ္ဗာန်များကို ဆက်လက် အသုံးပြုနေကြောင်း သိရသည်။ ခရီးသည်အချို့က သင်္ဘောစီးရာတွင် ကုန်ကျစရိတ် သက်သာခြင်း၊ သွားလာရာ လွယ်ကူမှုနှင့် မြစ်မြင်ကွင်းကြည့်ရှုနိုင်ခြင်းတို့ကြောင့် သင်္ဘောအသုံးပြုမှု မလျော့သေးကြောင်း...

ကုန်ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်မည်–ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အသစ် တာရစ်ရာမန်သည် သူ၏ ပါတီက အပြ-တ်အသ-တ်အနိုင်ရရှိခဲ့သော လွှတ်တော်ရွေးကောက်ပွဲများအပြီး၌ မွတ်ဆလင်တို့၏ မြင့်မြတ်သော ရမ်ဇာန်လအတွင်း ကုန်ဈေးနှုန်းများကို တည်ငြိမ်စေရန်၊ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်ရန်နှင့် စီးပွားရေးနှင့် အခြေခံအဆောက်အဦးပြုပြင်ပြောင်းလဲရေးကို မြှင့်တင်သွားမည်ဟု ကတိပြုခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာနှင့် လုပ်ကြံခံခဲ့ရသော သမ္မတဟောင်း ဇိုင်ယာရာမန်တို့၏ သားဖြစ်သည့် အသက် ၆၀ အရွယ် ရာမန်သည် အင်္ဂါနေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး တိုင်းပြည်အတွက် အရေးကြီးသောအချိန်တွင် ရာထူးတာဝန်ထမ်းဆောင်ခဲ့ရသည်။ ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ရုပ်သံမှတဆင့် ရာမန်က ဥပုသ်လအစ ရမ်ဇာန်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကုန်သည်များအနေဖြင့် အမြတ်ကြီးစားမလုပ်ကြရန် သတိပေးခဲ့သည်။ ဆန်၊ စားသုံးဆီ၊...

ဗင်နီဇွဲလားယာယီသမ္မတနှင့်ယူအက်စ် တောင်ပိုင်းတိုင်းမှူးဆွေးနွေး

ကာရာကတ်စ်/ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက် ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီ ဂေး သည် အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှူး ဖရန်စစ် ဒိုနိုဗန် နှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံကာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဗင်နီဇွဲလားအစိုးရနှင့် အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ပြောကြားခဲ့ပသည်။ ကာရာကတ်စ်မြို့တွင် ပြုလုပ်သည့် ရိုဒရီ ဂေးနှင့် ဒိုနိုဗန်တို့၏ တွေ့ဆုံမှုအတွင်း ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖေ-ာက်ကားမှုနှင့် အကြမ်းဖက်မှုများကို ပူးတွဲတိုက်ဖျက်ရန် ဗင်နီဇွဲလားနှင့် အမေရိက တို့ သဘောတူညီခဲ့ကြကြောင်း ဗင်နီဇွဲလား ဆက်သွယ်ရေးဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071