Thursday, February 19, 2026

မုံရွာမြို့ကန်သာယာ ညစျေး (Night Market)...

စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့၌ အပန်းဖြေလိုသူများ၊ ညဘက်စျေးဝယ်လိုသူများအတွက် ကန်သာယာညစျေး(Night Market)ကို အရှေ့ဘက်ကန်သာယာ တောင်ဘက်ကွင်းတွင် (၁၂) ပေပတ်လည်ရှိ စျေးဆိုင်ခန်းပေါင်း (၁၁၀) ခန်း...

ဆိုရှယ်မီဒီယာများက ကလေးသူငယ်များအပေါ် သက်ရောက်မှုရှိ၊မရှိ စစ်ဆေးသည့်...

Meta ၏ စီအီးအိုဖြစ်သူ မာ့ခ်ဇူကာဘတ် သည် Instagram ကို လူငယ်များစွဲလမ်းစေရန် ရည်ရွယ်ချက်ရှိရှိ ဒီဇိုင်းထုတ်ထားခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍...

(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေသည့်...

ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေသည့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာကွင်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း...

ယူအက်စ်လဝကအချုပ်ခန်းတွင် ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦး ‌ေ-သဆုံး

         အင်ဒီယားနားရှိ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန(အိုင်စီအီး) တွင် ထိန်းသိမ်းထားသူတစ်ဦးသည် ဖေဖော်ဝါရီလ ၁၆ ရက် နေ့တွင် ‌ေ-သဆုံးခဲ့ကြောင်းနှင့် ‌ေ-သဆုံးရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း အိုင်စီအီးက...
HomeNewsLocal Newsမသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သည့်သဘောမျိုးဖြင့် တင်ဆက်ဖျော်ဖြေမှုများ...

မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သည့်သဘောမျိုးဖြင့် တင်ဆက်ဖျော်ဖြေမှုများ မပြုလုပ်ကြရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အသိပေးထုတ်ပြန်

အနုပညာတင်ဆက်ဖျော်ဖြေမှုများတွင် မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သရော်သည့်ပြကွက်များကို ရေးသားညွှန်ကြားသရုပ်ဆောင်မှုများကို မပြုလုပ်ဘဲ ရှောင်ကြည်ကြပါရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ဖေဖော်ဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ထားသည်။

အနုပညာတင်ဆက်ဖျော်ဖြေမှုအချို့တွင် မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သည့် သဘောမျိုးဖြင့် တင်ဆက်ဖျော်ဖြေမှုများကို တွေ့ရှိနေရကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။

ရုပ်ရှင်ဆင်ဆာအဖွဲ့အနေဖြင့်လည်း မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သရော်သည့် သရုပ်ဆောင်ကွက်များကို သရုပ်ပြသခြင်းမပြုရန် တားမြစ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာ၌ ပျံနှံနေသည့် ဇာတ်သဘင်အဖွဲ့၏ ကပြဖျော်ဖြေမှုတစ်ခုတွင် မသန်စွမ်းမှုကို သရော်ထားသည့်လုပ်ဆောင်ချက်များကြောင့် မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ နှင့် ဂုဏ်သိက္ခာကို များစွာ ထိခို-က်ခြင်းကြောင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ပြင်းထန်စွာရှုတ်ချကြောင်းလည်း ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့ကန်သာယာ ညစျေး (Night Market) ဖွင့်လှစ်မည်

စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့၌ အပန်းဖြေလိုသူများ၊ ညဘက်စျေးဝယ်လိုသူများအတွက် ကန်သာယာညစျေး(Night Market)ကို အရှေ့ဘက်ကန်သာယာ တောင်ဘက်ကွင်းတွင် (၁၂) ပေပတ်လည်ရှိ စျေးဆိုင်ခန်းပေါင်း (၁၁၀) ခန်း တည် ဆောက်ပြီး ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ အရှေ့ဘက်ကန်သာယာ၏ တောင်ဘက်ကွင်း၌ စျေးဆိုင်ပေါင်း (၁၁၀) ကို ညစျေးအဖြစ် ခင်းကျင်းရောင်းချပေးမည်ဖြစ်သည့်အပြင် ဖျော်ဖြေရေးအစီအစဥ်များပါ ဆောင်ရွက်ပေးမည်ဖြစ်၍ နေ့ပိုင်းမအားလပ်သူများ၊ ဝန်ထမ်းများ၊ ညပိုင်း အပန်းဖြေလိုသူများအတွက် တေးသံသာများ နှင့်အတူ ကန်သာယာ၏ ညရှုခင်းကိုခံစားရင်း လိုအပ်သည့် စားသော က်ကုန်များကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၊...

ဆိုရှယ်မီဒီယာများက ကလေးသူငယ်များအပေါ် သက်ရောက်မှုရှိ၊မရှိ စစ်ဆေးသည့် သမိုင်းဝင်တရားခွင်တွင် ဇူကာဘတ် စစ်ဆေးခံရ

Meta ၏ စီအီးအိုဖြစ်သူ မာ့ခ်ဇူကာဘတ် သည် Instagram ကို လူငယ်များစွဲလမ်းစေရန် ရည်ရွယ်ချက်ရှိရှိ ဒီဇိုင်းထုတ်ထားခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ လော့စ်အိန်ဂျလိစ် တရားရုံးတွင် ဗုဒ္ဓဟူးနေ့က ပြင်းပြင်းထန်ထန် မေးမြန်းစစ်ဆေးခြင်း ခံခဲ့ရသည်။ ဆိုရှယ်မီဒီယာများသည် ကလေးသူငယ်များ၏ စိတ်ကျန်းမာရေးကို ထိခိုက်စေသည်ဟူသော နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ ဂျူရီအဖွဲ့ရှေ့တွင် ပထမဆုံးအကြိမ် ထွက်ဆိုရာ၌ Meta စီအီးအိုက သူသည် လူငယ်အသုံးပြုသူများ၏ ဘေးကင်းလုံခြုံရေးကို "ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့်" ကိုင်တွယ်ဖြေရှင်းထားသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း...

(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေသည့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာကွင်းသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်စစ်ဆေး

ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေသည့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာကွင်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာ ကျောင်းလမ်း(၅.၅)ဖာလုံ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပပြုလုပ်မည့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာကွင်းနှင့် ကိုးသိန်းအားကစားကွင်းအတွင်း ဖူဆယ်ဘောလုံးကွင်း ဆောက်လုပ်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာကျောင်းလမ်း(၅.၅)ဖာလုံ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071