Home News Local News မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီး(၂)ဦး ဖူးခက်မြို့၌ တွေ့ဆုံ   

မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီး(၂)ဦး ဖူးခက်မြို့၌ တွေ့ဆုံ   

0
140

ကဏ္ဍစုံ၌ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ တို့ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်က ဖူးခက်မြို့တွင်တွေ့ဆုံ၍  နှစ်နိုင်ငံသီးသန့်အစည်းအ ဝေးကျင်းပခဲ့သည်။

အစည်းအဝေး၌ မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုခိုင်မာအားကောင်းစေရေး၊ နှစ်နိုင်ငံကြား ကုန်သွယ် ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေးစသည့်ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာများ၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကဏ္ဍတိုးမြှင့်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တရားမဝင်နယ်စပ်ကုန်သွယ်ရေး၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်း ဝယ်မှုစသည့် တရားမဝင်လုပ်ငန်းများတိုက်ဖျက်ရေးအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများပူးပေါင်းတိုက်ဖျက်ရေးတွင် ပိုမိုအရှိန်မြှင့်တင်ရေး၊ နှစ်နိုင်ငံကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေး နွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ုံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့သို့ တ ရားဝင်ခရီးစဉ်ရောက်ရှိနေခြင်းဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here