အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဦးမြတ်စံကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း အမိန့်အမှတ် ၇/၂၀၂၆ ဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။
ဦးမြတ်စံအား ချင်းပြည်နယ်တရားလွှတ်တော်တရား သူကြီးအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မ ခွဲ(ခ)အရခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
