ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်တစ်ဦးဦးကို သတ်မှတ်သက်တမ်းထက်ပို၍ တာဝန်ပေးအပ်နိုင်သော ပုဒ်မခွဲ(ဇ)ကိုဖြည့်စွက်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ကထုတ်ပြန်ခဲ့သည်။
အဆိုပါ ဥပဒေအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ(ဆ)၏နောက်တွင် ပုဒ်မခွဲ(ဇ) ကိုဖြည့်စွက်ခဲ့ခြင်းဖြစ်သည်။
ဖြည့်စွက်ခဲ့သည့် ပုဒ်မခွဲ(ဇ)၌ လိုအပ်ပါက နာယကအဖွဲ့သည် တာဝန်ခံဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်တစ်ဦးဦးကို သတ်မှတ်သက်တမ်းထက်ပို၍ တာဝန်ပေးအပ်နိုင်သည်ဟု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
