အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် တာရစ်ရာမန်နှင့် ဖုန်းဆက်စကားပြောခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ၌ ၎င်း၏ အောင်ပွဲရမှုကို ဂုဏ်ပြုစကားပြောကြားခဲ့သည်။
စကားပြောဆိုစဥ် မစ္စတာရာမန်အနေဖြင့် ဘင်္ဂလားဒေ့ရှ်ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းရန် ကြိုးပမ်းအားထုတ်နိုင်ပါစေကြောင်းနှင့် ထောက်ခံအားပေးပါကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြား နီးကပ်ပြီး ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို မီးမောင်းထိုးပြလျှက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နက်ရှိုင်းသော သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများဖြင့် စည်းနှောင်ထားသော အိမ်နီးချင်းများဖြစ်ကြကြောင်း မိုဒီက မှတ်ချက်ပြု ပြောကြားခဲ့သည်။ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ ငြိမ်းချမ်းရေး၊ တိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေးဆက်လက်ဆောင်ရွက်သွားရန် အိန္ဒိယက ထပ်လောင်းကတိပြုကြောင်း မိုဒီက ပြောခဲ့သည်။
“မစ္စတာ တာရစ်ရာမန်နဲ့ စကားပြောဆိုရတဲ့တာ နှစ်ထောဂ်းအားရ ဝဖြစ်မိပါတယ်။ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ကြီးမားစွာအောင်မြင်ခဲ့မှုအတွက် သူ့ကို ဂုဏ်ပြုပါတယ်” ဟု မိုဒီက X ပေါ်ပို့စ်တင်ခဲ့သည်။
Ref: ပီအမ်အိန္ဒိယ
