ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် ၊ ကျေးရွာများ၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို စာသင်ဝိုင်း(၁၈)ဝိုင်းဖြင့်သင်ကြားပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦးမှ ဖေဖော်ဝါရီ ၁၃ ရက်ကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ၊ အခြေခံပညာမူလတန်းလွန်ကျောင်း နမ့်ဘော်ဝမ် (ခါး)ရှိ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်း၊ အခြေ ခံပညာအထက်တန်းကျောင်း(ခွဲ)လောဓမ္မတို့တွင် သင် ကြား/သင်ယူနေမှုတို့ကို ကြည့်ရှုအားပေးကာ အာဟာရဖြည့်စွက်စာများပေးအပ်ခဲ့သည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် အခြေခံပညာအ ထက်တန်းကျောင်း(ခွဲ)လောဓမ္မတွင် ၂၀၂၆ ခုနှစ် တက္က သိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေးအတွက် စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား၊ကျောင်းသူများ ကျန်းမာရေးအထူးဂရုပြုရန်၊ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များသို့အရောက်ကြိုးစားကြရန်မှာကြားခဲ့သည်။
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ပညာရေးဝန် ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦး စီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ စုရပ်(၁၅) နေရာတွင် စာသင်ဝိုင်း(၁၈)ဝိုင်းဖြင့် ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၁၃ ရက်အထိ ရက်ပေါင်း(၄၀)ကြာ သင်ကြားလျက်ရှိရာ သင်တန်းသား/သင်တန်းသူ(၁၉၈)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။
