Saturday, February 14, 2026

အမြန်လမ်းတွင် အိမ်စီးကားက Town Ace...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က အိမ်စီးကားက Town Ace ကားနောက်ပိုင်းကိုဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း...

နီပေါရွေးကောက်ပွဲနီးလာချိန်ဘုရင်စနစ်ထောက်ခံသူများ ဆန္ဒထုတ်ဖော်

အဂတိလိုက်စားမှုကို ဆန့်ကျင်သော ဂျန်ဇီးအုံကြွမှု ဖြစ်ပေါ်ပြီးနောက် ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲနီးလာချိန်တွင် နီပေါနိုင်ငံ၏ ဘုရင်ဟောင်းကို ထောက်ခံသူထောင်ပေါင်းများစွာသည် ဖေဖော်ဝါရီလ ၁၃ ရက် နေ့၌...

ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီအနိုင်ရ၊ တရုတ်နိုင်ငံက ဂုဏ်ပြုစကားဆို

ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်ချောမွေ့စွာ ကျင်းပနိုင်ခဲ့သည်ကို အသိအမှတ်ပြုကြောင်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (ဘီအင်န်ပီ)...

ပုသိမ်မြို့အတွင်း ခရီးသွားများဝင်ရောက်လည်ပတ်မှု သိသိသာသာ တိုးတက်လာ

ပွင့်လင်းခရီးသွားရာသီ အစ၌ပင် ပုသိမ်မြို့တွင်းသို့ ဘုရား ဖူး၊ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုမှာ အရင်နှစ်များထက် သိသိသာသာ တိုးတက်မြင့်မားလာကြောင်းသိရသည်။ "အရင်က ငွေဆောင်၊ ချောင်းသာသွားတယ်ဆို ကြိုးတံတား...
HomeNewsLocal Newsတိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွ က်...

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွ က် ကြိုးစားနေကြောင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ် ပြော

နိင်ငံ၏ အမျိုးသားရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဆန်၊ စပါး၊ သား၊ ငါး နှင့် ဆီဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း (၇၉)နှစ်မြောက်ပြည်‌ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် (၇ ၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ ညပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆုရရှိသူများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်ပါက တိုင်း ရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်းသာ ဖြစ်ကြောင်းလည်း ဂုဏ်ပြုညစာစားပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆန်၊ စပါး၊ သား၊ ငါး အပြင် ဆီဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တိုင်းဒေသကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ရန် အားလုံး၏ စည်းလုံးညီညွတ်မှု အင်အားပေါ်တွင် မူတည်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုစိတ်ဓာတ်ကို ရင်ဝယ်ပိုက်ပြီး နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်ကို အားလုံးက တက်ညီလက်ညီပါဝင်ဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းကြောင်းလည်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောကြားသွားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမြန်လမ်းတွင် အိမ်စီးကားက Town Ace ကားနောက် ပိုင်းကိုဝင်တို-က် (၁)ဦး‌ေ-သဆုံး (၁၂)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က အိမ်စီးကားက Town Ace ကားနောက်ပိုင်းကိုဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ‌ နေပြည်တော်ဘက်သို့ ကားမောင်းသူအပါအဝင် အမျိုးသား၊ အမျိုးသမီး(၁၃)ဦးလိုက်ပါလာသောTown Ace ကားသည် ညာဘက်ယာဉ်ကြောအတိုင်းမောင်းနှင်လာစဥ် မိုင်တိုင် အမှတ် ၁၄၂/၁ နှင့် ၁၄၂/၂ ကြားအရောက် နောက်မှလိုက်လာသော အိမ်စီးကားကအရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ထိုသို့ တို-က်မိမှုကြောင့် Town Ace ကားမှာလမ်းညာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ကာ အိမ်စီးကားသည် လက်ဘယ်ဘက်ယာဥ်ကြောပေါ်သို့...

နီပေါရွေးကောက်ပွဲနီးလာချိန်ဘုရင်စနစ်ထောက်ခံသူများ ဆန္ဒထုတ်ဖော်

အဂတိလိုက်စားမှုကို ဆန့်ကျင်သော ဂျန်ဇီးအုံကြွမှု ဖြစ်ပေါ်ပြီးနောက် ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲနီးလာချိန်တွင် နီပေါနိုင်ငံ၏ ဘုရင်ဟောင်းကို ထောက်ခံသူထောင်ပေါင်းများစွာသည် ဖေဖော်ဝါရီလ ၁၃ ရက် နေ့၌ ခတ္တမန္ဒူတွင် စုဝေးကာ အားလပ်ရက်အပန်းဖြေရာမှ နေရပ်ပြန်လာသော ၎င်းတို့၏ နောက်ဆုံးဘုရင် ဂါနန်ဒရာကို ကြိုဆိုခဲ့ကြသည်။         ၂၀၀၈ ခုနှစ်တွင် ယခင်မော်ဝါဒီသူပုန်ဟောင်းများ လွှမ်းမိုးသော အထူးအစည်းအဝေးတစ်ရပ်၌ နီပေါနိုင်ငံ၏ ဘုရင်စနစ်ကို ဖျက်သိမ်းခဲ့ကာ ဟိန္ဒူဘာသာဝင်အများစုနေထိုင်သော ဟိမဝန္တာတောင်တန်းနိုင်ငံကိုဘာသာရေးဖြင့်အုပ်ချုပ်ခြင်းမဟုတ်သော သမ္မတနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။       ထိုအချိန်မှစ၍ နောက်ဆုံးဘုရင်ဖြစ်သော မစ္စတာဂရန်နာဒါ(၇၈ နှစ်) သည် ခတ္တမန္ဒူရှိ ၎င်း၏ နေအိမ်တွင်...

ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီအနိုင်ရ၊ တရုတ်နိုင်ငံက ဂုဏ်ပြုစကားဆို

ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်ချောမွေ့စွာ ကျင်းပနိုင်ခဲ့သည်ကို အသိအမှတ်ပြုကြောင်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (ဘီအင်န်ပီ) ကို ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ ကြာသပတေးနေ့က ကျင်းပခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၁၃) ကြိမ်မြောက် ပါလီမန် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောကြားပေးရန် တောင်းဆိုမှုကို ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အကြိုရလဒ်များအရ ကြေညာပြီးစီးခဲ့သည့် တိုက်ရိုက်ရွေးကောက်တင်မြှောက်သော အမတ်နေရာ ၂၉၇ နေရာအနက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071