Home News Local News ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ တစ်ပတ်အတွင်း စစ်ကိုင်းမြို့၊ မုံရွာမြို့တို့၏ ရေနည်းသတိပေးမှတ်အောက်၌ရှိနေမည်

ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ တစ်ပတ်အတွင်း စစ်ကိုင်းမြို့၊ မုံရွာမြို့တို့၏ ရေနည်းသတိပေးမှတ်အောက်၌ရှိနေမည်

0
87

ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ တစ်ပတ်အတွင်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မုံရွာမြို့တို့၏ ရေနည်းသ တိပေးမှတ်အောက်၌ရှိနေမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့တွင် (၁၆၄)စင်တီမီ တာသို့ရောက်ရှိနေကာ လာမည့်တစ်ပတ်အတွင်း လက် ရှိရေမှတ်အောက် ပေဝက်ခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ်(၁၇၀)စင်တီမီတာအောက်တွင်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည်လည်း  မုံရွာမြို့တွင် (၁၀၀)စင်တီမီတာသို့ရောက်ရှိနေကာ လာမည့်တစ်ပတ်အတွင်း လက်ရှိရေမှတ်အောက် ပေဝက်ခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ်(၁၀၀)စင်တီမီတာ အောက်တွင်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here