စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ အနော်ရထာခန်းမတွင် ဖေဖော်ဝါရီလ (၁၂)ရက် ၊ နံနက် (၁၀) နာရီက ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယာယီနေရပ်စွန့်ခွာလာရသည့် ကံကြီးကုန်းကျေးရွာ၊ ကင်မွန်းတော်ကျေးရွာနှင့် ကံဇီးကျေးရွာမှ ပြည်သူများ၊ ပင်လ ယ်ဘူးမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း အိမ် ထောင်စု (၁၁၂)စု၊ ပြည်သူ (၄၅၂) ဦး အား တစ်ဦးလျင် (၃) လစာ ကျပ်(၆၀၀၀၀) နှုန်းဖြင့် ငွေကျပ်သိန်း (၂၇၀)ကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ အဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးသာ၊ အတွင်းရေးမှူး ရဲမှူးမြင့်သောင်းတို့မှ ယာ ယီနေရပ်စွန့်ခွာလာသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ ၍ ယာယီနေထိုင်ရေး၊ စားသောက်ရေး၊ လုံခြုံရေးအတွက် လိုအပ်ချက်များ မေးမြန်းကာ ဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။
