“ထိုက်သူပန်”အဆင့်မြင့် အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လာမည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ဖေဖော်ဝါရီ ၁၂ ရက်နှင့် ဖေဖော်ဝါရီ ၁၃ ရက် (၃)ရက်တိုင်ယာဥ်စီးခအခမဲ့ဖြင့် ကုသိုလ်ဖြစ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၁ ရက်တွင် နေပြည်တော်-ရန်ကုန်ခရီးစဥ်အားခရီးသည်(၁၀၀)ဦး၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်အား ခရီးသည်(၅၀)ဦးတို့ဖြင့် ညနေ ၅ နာရီ၊ ရန်ကုန်-မန္တလေးခရီးစဥ်အား ခရီးသည်(၄၀)ဦး၊ မန္တလေး-ရန်ကုန်ခရီးစဥ်အား ခရီးသည်(၄၀)ဦးတို့ဖြင့် ည ၇ နာရီတွင် စတင်ထွက်ခွာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် နေပြည်တော်-ရန်ကုန်ခရီးစဥ်အား ခရီးသည်(၅၀)ဦး၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်အား ခရီးသည်(၅၀)ဦးဖြင့် ညနေ ၅ နာရီ၊ ရန်ကုန်-မန္တလေးခရီးစဥ်အား ခရီးသည် (၄၀)ဦး၊ မန္တလေး-ရန်ကုန်ခရီးစဥ်အား ခရီးသည်(၄၀) ဦးဖြင့် ည ၇ နာရီတွင် စတင်ထွက်ခွာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော်-ရန်ကုန်ခရီးစဥ်အား ခရီးသည်(၅၀)ဦး၊ ရန်ကုန်-နေပြည် တော်ခရီးစဥ်အား ခရီးသည်(၅၀)ဦးဖြင့် ညနေ ၅ နာရီ၊ ရန်ကုန်-မန္တလေးခရီးစဥ်အား ခရီးသည်(၄၀)ဦး၊ မန္တ လေး-ရန်ကုန်ခရီးစဥ်အား ခရီး သည်(၄၀)ဦးဖြင့် ည ၇ နာရီတွင် စတင်ထွက်ခွာပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့ကြောင့် လိုက်ပါစီးနင်းလိုသော ခရီးသွားများအနေဖြင့် ဖုန်း ၀၉-၄၀၀၂၁၆၃၁၇ သို့ဆက်သွယ်၍ အမည်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
