Wednesday, February 4, 2026

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ...

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့်...

နှစ်ကူးကာလ၌ တရုတ်တွင် ကမ္ဘာတစ်ဝန်းမှခရီးသွားအများအပြားလာ

         တရုတ်နိုင်ငံ၏ နှစ်စဉ်နွေဦးပွဲတော် ခရီးသွားလှုပ်ရှားမှုသည် ကမ္ဘာ့ကူးလူးသွားလာမှု အများဆုံးအဖြစ် ယျေဘုယျအားဖြင့် ရက်ပေါင်း ၄၀ ကြာကာလဖြစ်သည်။ တိုးချဲ့ထားသော တရုတ်နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ဖေဖော်ဝါရီလ၂ ရက်...

တရုတ်ထိပ်တန်းသုတေသနပညာရှင် အမေရိကမှ တရုတ်သို့ပြန်လာ

ဖေဖေါ်ဝါရီ ၂ အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ်နှစ်ခုကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် မျိုးဗီဇထိန်းညှိမှုဆိုင်ရာ ထိပ်တန်းသုတေသနပညာရှင် ဂေါင်ကျန့်ဟွာ သည် တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့ရှိ အသစ်တည်ထောင်ထားသော တက္ကသိုလ်တစ်ခုသို့...

ညီမျှပြီးစနစ်ကျသောနိုင်ငံအများစုစိုးမိုးသောကမ္ဘာဖြစ်စေရမည်–ရှီ

တရုတ်နှင့်ဥရူဂွိုင်းတို့သည် တန်းတူညီမျှပြီး စနစ်တကျရှိသော နိုင်ငံအများစုက ကြီးစိုးသည့်ကမ္ဘာဖြစ်‌စေ ရေးကို ရှေ့တိုး ဆောင်ရွက်ရန် အတူတကွလုပ်ဆောင်သင့်ကြောင်း အင်္ဂါနေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဥရူဂွိုင်းသမ္မတ...
HomeNewsLocal Newsမြန်မာ့အရေးဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ရန် ထိုင်း...

မြန်မာ့အရေးဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ရန် ထိုင်း ‘အသင့်ဖြစ်နေ’

ဖေဖေါ်ဝါရီ ၃

အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် ဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖောင်းကက်‌ကောင်းက မနေ့က နိုင်ငံတော်လုံခြုံရေးကောင်စီ (အန်အက်စ်စီ) အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲများအပြီး မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများကို သုံးသပ်ရန်နှင့် မြန်မာအစိုးရအာဏာပိုင်များအပြင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့ဆက်ဆံနိုင်မည့် နည်းလမ်းများကို ဆွေးနွေးရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းငွေလိမ်လုပ်ငန်းများ ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများနှင့် နှစ်နိုင်ငံမျှဝေသုံးစွဲနေသည့် မြစ်ကြောင်းစနစ်များကို ထိခိုက်စေသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကိုတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နည်းလမ်းများကိုလည်း အရာရှိများက ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ရပ်တန့်နေသည့် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်အသက်သွင်းရန် ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေး၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံအပေါ်တင်းမာမှုများကို လျှော့ချရန်၊ တည်ငြိမ်မှု ပြန်လည်ရရှိရန်နှင့် မြန်မာ့အရေးအခင်းအပေါ် ထိုင်းနိုင်ငံ၏ သံတမန်ရေးရာ ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မစ္စတာ ဆီဟာဆက်က ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံသည် နယ်စပ်ချင်း ရှည်လျားစွာထိစပ်နေသည့်အတွက် နယ်စပ်အကျိုးစီးပွားကို ကာကွယ်ရန်နှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ထောက်ပံ့ပေးရန်အတွက် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန်မှာ ရှောင်လွှဲ၍မရကြောင်း ပြောဆိုခဲ့သည်။

ရလဒ်အနေဖြင့် အစည်းအဝေးတွင် မြန်မာအစိုးရအပြင် အခြားသော သက်ဆိုင်သူများနှင့်လည်း ထိတွေ့ဆက်ဆံမှုများကို တဖြည်းဖြည်း မြှင့်တင်သွားရန် သဘောတူညီခဲ့ကြသည်။

“အစိုးရအနေနဲ့ မြန်မာအစိုးရအာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အကယ်၍ ဒီဆွေးနွေးမှုတွေက အောင်မြင်မှုရရှိခဲ့မယ်ဆိုရင် [ထိုင်းနိုင်ငံအနေနဲ့] ဒီကိစ္စကို အာဆီယံအဆင့်မှာ တင်ပြသွားမှာပါ” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတွင် စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးစီးပွားများစွာရှိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်ဆီသို့ ဦးတည်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ရွေးကောက်ပွဲရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် လွှတ်တော်သုံးရပ်စလုံးတွင် အပြတ်အသတ်အနိုင်ရရှိသည်ကို တွေ့ရှိရသည်။
လုံခြုံရေးနှင့် နိုင်ငံခြားရေးရာ ကျွမ်းကျင်သူ ပနိသန် ဝပ်သနာယာဂွန် က ထိုင်းနိုင်ငံအနေဖြင့် ဆွေးနွေးပွဲများ ဖြစ်မြောက်စေရန်အတွက် ကြားနေတစ်ဦးအဖြစ် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း ပြောကြားခဲ့သည်။
ဇန်နဝါရီလ ၂၉ ရက် နေ့က ကျင်းပခဲ့သော “၂၀၂၆ ခုနှစ် မြန်မာ့စီးပွားရေး အခြေအနေကို ဖော်ထုတ်သုံးသပ်ခြင်း” ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားရာ၌ မြန်မာနိုင်ငံသည် လုံခြုံရေး၊ လုပ်သားအင်အားနှင့် စီးပွားရေးချိတ်ဆက်မှုများအရ ထိုင်းနိုင်ငံအတွက် မဟာဗျူဟာကျသော နေရာတစ်ခုဖြစ်ကြောင်းနှင့် အင်အားကြီးနိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိုမိုတက်ကြွစွာဖြင့် စိတ်ဝင်စားနေချိန်၌ ထိုင်းနိုင်ငံအနေဖြင့် ဘေးထွက်ကြည့်နေရုံသာ ဆောင်ရွက်၍ မရတော့ကြောင်း ပြောကြားခဲ့သည်။

“အကယ်၍ အောင်မြင်ခဲ့မယ်ဆိုရင် မြန်မာနဲ့ ထိစပ်နေတဲ့ ထိုင်းရဲ့ ရှည်လျားတဲ့ နယ်စပ်ဟာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးအဖြစ်ကနေ စီးပွားရေး အခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ပိုမိုနီးကပ်သော ထိတွေ့ဆက်ဆံမှုများသည် ထိုင်းနှင့် မြန်မာနိုင်ငံတို့ကို ဒေသတွင်းအတွက် စီးပွားရေး ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန် အထောက်အကူဖြစ်စေမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအားအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကာ သမိုင်းကြောင်းအရ နိုင်ငံ့ဝန်ထမ်းအချို့၏ စီးပွားရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်၍ မသမာမှုများဆောင်ရွက်ခဲ့ကြခြင်းသည် တိုင်းချစ်ပြည်ချစ်စိတ်များ အားနည်းခြင်းကြောင့်ဖြစ်သည်ဟု ပြောသည်။ ထို့ပြင် ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပြဋ္ဌာန်းထားပြီးဖြစ်ကာ ပုလဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့အစည်းစွဲများနှင့် နိုင်ငံ့ဝန်ထမ်းဆောင်ရွက်ပါက Good Governance ၊Good Goverment မဖြစ်နိုင်ကြောင်း ၊နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့်...

နှစ်ကူးကာလ၌ တရုတ်တွင် ကမ္ဘာတစ်ဝန်းမှခရီးသွားအများအပြားလာ

         တရုတ်နိုင်ငံ၏ နှစ်စဉ်နွေဦးပွဲတော် ခရီးသွားလှုပ်ရှားမှုသည် ကမ္ဘာ့ကူးလူးသွားလာမှု အများဆုံးအဖြစ် ယျေဘုယျအားဖြင့် ရက်ပေါင်း ၄၀ ကြာကာလဖြစ်သည်။ တိုးချဲ့ထားသော တရုတ်နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ဖေဖော်ဝါရီလ၂ ရက် နေ့တွင် ခရီးသွားကာလ သည် စတင်ခဲ့ပြီဖြစ်သည်။       တရုတ်ရာသီခွင်တွင် ယခု နှစ်သစ်ကူးသည်မြင်းနှစ်ကျရောက်ပြီး ဖေဖော်ဝါရီလ ၁၇ ရက် နေ့ သည် နှစ်သစ်ကူး ကျရောက်ပြီး တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၃ ရက်အထိ ကိုးရက်ကြာ ရက်ရှည်အားလပ်ရက်တစ်ခုရှိလာမည်ဖြစ်သည်။       တရုတ်စားသုံးသူများစွာသည် တိုင်းပြည်၏ မရေရာသော စီးပွားရေးကြောင့် ငွေသုံးစွဲခြင်းထက် ငွေစုခြင်းကို...

တရုတ်ထိပ်တန်းသုတေသနပညာရှင် အမေရိကမှ တရုတ်သို့ပြန်လာ

ဖေဖေါ်ဝါရီ ၂ အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ်နှစ်ခုကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် မျိုးဗီဇထိန်းညှိမှုဆိုင်ရာ ထိပ်တန်းသုတေသနပညာရှင် ဂေါင်ကျန့်ဟွာ သည် တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့ရှိ အသစ်တည်ထောင်ထားသော တက္ကသိုလ်တစ်ခုသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာ ကြောင်း သိရသည်။ တက္ကသိုလ်၏ ဝက်ဘ်ဆိုက်ဖော်ပြချက်အရ ဂေါင်သည် ပြီးခဲ့သည့်လတွင် ရှန်ကျန်း အဆင့်မြင့်နည်းပညာတက္ကသိုလ် (အက်စ်ယူအေတီ) ၌ အချိန်ပြည့် သုတေသနပါမောက္ခ ဖြစ်လာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် တရားဝင်ခွင့်ပြုချက်ရရှိခဲ့သော အက်စ်ယူအေတီ သည် ဇီဝဆေးပညာနှင့် ဉာဏ်ရည်တုကဲ့သို့သော နောက်ဆုံးပေါ်စက်မှုလုပ်ငန်းများအတွက် ထူးချွန်ထက်မြက်သူများကို လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်သည့် သုတေသန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071