နိုင်ငံတော်သမ္မတ က အဖွဲ့ဝင် ၅ ဦးထက်မနည်း ဖြင့် ကောင်စီကို ဖွဲ့စည်းမည်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သည့် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေကို ယနေ့ ဖေဖေါ်ဝါရီ(၃)ရက်နေ့မှ ပြဌာန်းလိုက်ကြောင်း သိရသည်။
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးနှင့် တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာပေါများရေး ရည်ရွယ်ချက်များဖြင့် ဥပဒေပြဌာန်းခြင်းဖြစ်ကြောင်း ဥပဒေတွင် ထည့်သွင်းဖော်ပြထားသည်။
ဥပဒေအရ နိုင်ငံတော်သမ္မတ သည် သင့်လျော်သည့် ပုဂ္ဂိုလ်များဖြင့် ဥက္ကဌ နှင့် အတွင်းရေးမှုးအပါအဝင် အဖွဲ့ဝင်(၅)ဦးထက်မနည်းပါဝင်၍ ကောင်စီကို ဖွဲ့စည်းရမည်ဖြစ်ကြောင်း နှင့် နိုင်ငံတော်သမ္မတက ကောင်စီ ဥက္ကဌ နှင့် အတွင်းရေးမှုးကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း လည်း ဖော်ပြထားသည်။
ကောင်စီ၏ သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်းဖြစ်ပြီး ဥပဒေပါပြဌာန်းချက်များကို အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် နည်းဥပဒေ၊အမိန့်၊ကြေငြာစာ နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်ကြောင်း အမိန့်စာကို ကိုးကားဖော်ပြပါသည်။
