၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) က ယနေ့ ဖေဖေါ်ဝါရီ ၃ ရက်နေ့တွင် ထပ်မံအသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်မှစ၍ လျှောက်လွှာလက်ခံသည့် ကာလတစ်လျှောက်တွင် ပိတ်ရက်မရှိ ပြုလုပ်နိုင်မည်ဖြစ်သော်လည်း အချက်အလက်မှားယွင်းပါက ပြန်လည်ပြင်ဆင်ရာတွင် အတည်ပြုချက်ရရှိရန် (၃) ရက်မှ (၅) ရက်ခန့် ကြာမြင့်နိုင်ကြောင်းလည်း အသိပေးထားသည်။
တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည်သူများ၊ အသက် (၁၀) နှစ်အောက်ဖြေဆိုသူများနှင့် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအနေဖြင့် Registration အား အချိန်မီကြိုတင်ပြုလုပ်ထားနိုင်ပါရန် လေးစားစွာဖြင့် ထပ်မံအသိပေးထားခြင်းဖြစ်သည်။
စာမေးပွဲဖြေဆိုမည့် Level အတွက် လျှောက်လွှာလက်ခံချိန်တွင် အချိန်မီ Registered ဖြစ်နေရန်အတွက် လျှောက်လွှာလက်ခံကာလမတိုင်မီတွင် Registration အား ပြီးမြောက်အောင် ပြုလုပ်ထားရန်လည်း MAJA က အသိပေးထားသည်။
