အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံရပြီးနောက်အကျဉ်းထောင်/အကျဉ်းစခန်းများမှ ပြန်လည်လွတ်မြောက်လာသူများအတွက် မိသားစုခရီးစရိတ်ကူညီပံ့ပိုးပေးနေသည်ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက အသိ ပေးထားသည်။
အဆိုပါ အစီအစဉ်တွင် နေအိမ်သို့ ဘေးကင်းစွာပြန်လည်ရောက်ရှိရေး အစီအစဥ်နှင့် မိသားစုခရီးစရိတ်ပံ့ပိုးကူညီမှုအစီအစဥ်ဟု နှစ်မျိုးခွဲကာ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
အကျဉ်းထောင်/အကျဉ်းစခန်းများမှ လောလောလတ်လတ် လွတ်မြောက်လာသူများအတွက် နေအိမ်သို့ ဂုဏ်သိက္ခာရှိရှိနှင့် ဘေးကင်းစွာပြန်လည်ရောက်ရှိရေး အစီအစဥ်ကို ပံ့ပိုးပေးနေခြင်းဖြစ်သည်။
ထို့အတူ နောက်အစီအစဉ်တစ်ခုအနေ ဖြင့် အကျဥ်းထောင်၊ အကျဥ်းစခန်းများတွင်ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို သွားရောက်တွေ့ဆုံနိုင်ရန် မိသားစုဝင်များအား ခရီးသွားလာစရိတ် ထောက်ပံ့ပေးနေသည့် အစီအစဉ်ဖြစ်သည်။
“ဒီအစီအစဥ်တွေက အိုင်စီအာရ်စီရဲ့ မြန် မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းမှာဆောင်ရွက်နေတဲ့ ခွဲကြားမှုမရှိဘဲ ကြားနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေရဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်” ဟုဆိုသည်။
ထို့ကြောင့် အကူအညီလိုအပ်သူများအနေဖြင့် ရန်ကုန်အပါအဝင် မန္တလေး၊ စစ်တွေ၊ မြစ်ကြီးနား၊ ဘားအံ၊ ကျိုင်းတုံ၊ နေပြည်တော်ရှိရုံးများသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။
