မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံး ချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE လက်မှတ်ရ အင်ဂျင်နီယာများအတွက် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။
ငလျင်ကာလအလွန် တည်ဆောက်ရေးနှင့် ပြန်လည်ပြု ပြင်ရေးလုပ်ငန်းများတွင် PE/RSE များ၏ အခန်းကဏ္ဍမှာပိုမိုအရေးပါလာရာ အင်ဂျင်နီယာနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အင်ဂျင်နီယာများ ကျင့်ဝတ်လိုက်နာမှုအားနည်းချက်များအားပြင်ဆင်နိုင်စေရေးနှင့် RSE လက်မှတ်ရ အင်ဂျင်နီယာများအား လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရေးတို့အတွက် ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား လာမည့် ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၁ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရန် ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ခရေပင်လမ်းရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး၌ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တက်ရောက်လိုသူများအနေဖြင့် သင်တန်းတက်ရောက်ခွင့်ပုံစံ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ လူမှုကွန်ယက်စာမျက်နှာ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံးချုပ်၊ One Stop Services Center တို့တွင်ရယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉ ၂၆၇၂၆၆၅၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
