မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်ရောက်လာသောကိုယ်စားလှယ်များထဲမှ မြို့နယ် (၁) မြို့နယ်စီတွင် အလိုအလျောက် အမှုဆောင် (၁) ဦးစီခန့်ထားခြင်း၊ ရွေးချယ်ခံ ဆန္ဒပြုရွေးချယ်ထားသူများထဲမှလစ်လပ်နေသော အလုပ်အမှုဆောင် (၂၀) နေရာအတွက်ရွေးချယ်ခြင်း၊ ဗဟိုအလုပ်အမှုဆောင် (၂၀) နေရာအတွက် ရွေးချယ်ခြင်း၊ စီမံခန့်ခွဲမှုကော်မတီ (၁၀) ဦးရွေးချယ်ခြင်းတို့ကိုအဆင့်ဆင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသူဦးလှစိန်မှ ကျေးဇူးတင်စကားနှင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမောင်မောင်ဇော်နှင့်အဖွဲ့ဝင်များသည် မော်လမြိုင်မြို့သို့ရောက်ရှိနေစဥ် မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းကိုတွေ့ဆုံ၍ မွန်ပြည်နယ်တွင် ဆီထွက်သီးနှံ၊ နေကြာအထူးအထွက်တိုးစေရန် ပူးပေါင်းပါ၀င်ဆောင်ရွက်နိုင်မည့်အစီအစဥ်များကိုရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
