Sunday, February 1, 2026

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ...

ရုရှားနှင့် တရုတ်ဝန်ကြီးများ လုံခြုံရေးကိစ္စ ဆွေးနွေးမည်

ရုရားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေး ရွှိုင်ဂူသည် တနင်္ဂနွေနေ့တွင် တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီကို...

မန္တလေး ကျောက်တော်ကြီးဘုရားတွင် မြန်မာ့သနပ်ခါးပွဲ တော်...

မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားတွင် သနပ်ခါးချစ်သူများ စုပေါင်းကျင်းပသည့် မြန်မာ့သနပ်ခါးပွဲတော် ပြုလုပ်ခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ (၁) ရက် တပို့တွဲလပြည့် မြန်မာ့သနပ်ခါးပွဲတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယခုလိုကျင်းပခဲ့ခြင်း...
HomeNewsLocal Newsဥရောပတပ်များကိုအကြမ်းဖက်အဖွဲ့အစည်းများအဖြစ်အီရန်ကကြေညာ

ဥရောပတပ်များကိုအကြမ်းဖက်အဖွဲ့အစည်းများအဖြစ်အီရန်ကကြေညာ

အီရန်နိုင်ငံသည် ဥရောပနိုင်ငံများ၏ စစ်တပ်များကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာကြောင်း လွှတ်တော်ဥက္ကဌက ပြောကြားခဲ့သည်။ အီရန်တော်လှန်ရေးအစောင့်တပ် (အိုင်အာဂျီစီ) ကို အလားတူသတ်မှတ်ရန် အီးယူက ဆုံးဖြတ်ခဲ့ပြီးနောက်တွင် အီရန်၏ ကြေညာချက်ထွက် ပေါ်လာခြင်းဖြစ်သည်။

အိုင်အာဂျီစီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာချက်ကို ဆန့်ကျင်သည့် တန်ပြန်အစီအမံများဆိုင်ရာ ဥပဒေပုဒ်မ ၇ အရ ဥရောပနိုင်ငံများ၏ စစ်တပ်များကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်သည်ဟု စည်းလုံးညီညွတ်ခြင်းကို ပြသသည့်အနေဖြင့် အစောင့်တပ်ယူနီဖောင်းကို ဝတ်ဆင်ထားသည့် လွှတ်တော်ဥက္ကဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အီရန်နိုင်ငံတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီးနောက်တွင် အီးယူသည် တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ခြင်းဖြင့် အီရန်ခေါင်းဆောင်ပိုင်းအပေါ် ချဉ်းကပ်ပုံကို သိသာစွာပြောင်းလဲခဲ့သည်။

တော်လှန်ရေးအစောင့်တပ်ကို တိုက်ခိုက်ခြင်းသည် ဥရောပသားများက ကိုယ့်ခြေထောက်ကို ကိုယ်ပ-စ်ခတ်ရာ ရောက်ပြီး အမေရိကန်များကို မျက်စိမှိတ်နာခံကာ ၎င်းတို့ပြည်သူများ၏ အကျိုးစီးပွားကိုထိခိုက်သော ဆုံးဖြတ်ချက်ကို ထပ်မံချမှတ်ခြင်းပင်ဖြစ်သည်ဟု ဂါလီဘတ်ဖ်က ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံတော်လုံခြုံရေးလွှတ်တော်ကော်မရှင်သည် ဥရောပသမဂ္ဂနိုင်ငံများ၏ စစ်သံများကို နှင်ထုတ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဂါလီဘတ်ဖ်က ပြောကြားခဲ့သည်။

၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးအပြီးတွင် ရှီးယားဘာသာရေးခေါင်းဆောင်များ၏ အုပ်ချုပ်မှုစနစ်ကို ကာကွယ်ရန်ဖွဲ့စည်းခဲ့သော တော်လှန်ရေးအစောင့်တပ်သည် နိုင်ငံတွင် ကြီးမားသော သြဇာအာဏာရှိကာ စီးပွားရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များကို ထိန်းချုပ်ထားသည်။

Ref: တီအာတီဝေါလ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ မြို့နယ် (၁) မြို့နယ်စီတွင် အလိုအ​လျောက် အမှု​ဆောင် (၁) ဦးစီခန့်ထားခြင်း၊​ ရွေးချယ်ခံ ဆန္ဒပြု​ရွေးချယ်ထားသူများထဲမှလစ်လပ်​နေ​သော အလုပ်အမှု​ဆောင် (၂၀) နေရာအတွက်ရွေးချယ်ခြင်း၊ ဗဟိုအလုပ်အမှု​ဆောင် (၂၀) နေရာအတွက် ရွေးချယ်ခြင်း၊ စီမံခန့်ခွဲမှုကော်မတီ (၁၀) ဦး​ရွေးချယ်ခြင်းတို့ကိုအဆင့်ဆင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထို့​နောက် ​မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသူဦးလှစိန်မှ ​ကျေးဇူးတင်​စကားနှင့် တာဝန်​ကျေပွန်စွာ ​ဆောင်ရွက်​ပေးမည်ဟုပြောကြားခဲ့‌ကြောင်း...

ရုရားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေး ရွှိုင်ဂူသည် တနင်္ဂနွေနေ့တွင် တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီကို ကိုးကား၍ ရုရှားသတင်းဌာနများက တနင်္ဂနွေနေ့တွင် ရေးသားဖော်ပြခဲ့ကြသည်။ နှစ်ဖက်စလုံးသည် နိုင်ငံတကာနှင့် ဒေသဆိုင်ရာလုံခြုံရေးနယ်ပယ်တွင် ပြောင်းလဲနေသောအခြေအနေကို ဆွေးနွေးသွားကြမည်ဟု လုံခြုံရေးကောင်စီကို ကိုးကား၍ အင်တာဖက်စ်သတင်းဌာနက ဖော်ပြခဲ့သည်။ ဤခရီးစဉ်သည် ရုရှားနှင့် ယူကရိန်းတို့အကြား လေးနှစ်နီးပါးကြာမြင့်လာပြီဖြစ်သည့် ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သော ရုရှား၊ ယူကရိန်းနှင့် အမေရိကန်အရာရှိများ၏ မကြာသေးမီက ဆွေးနွေးမှုများနှင့် တိုက်ဆိုင်နေသည်။ Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071