ငလျင်ဒ-ဏ်ကြောင့် ထိခိုက်သွားသည့် တောင်ငူမြို့ သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ထီးတော်တင်ခြင်း အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးသည် အရံစေတီမှလွဲ၍ စေတီကြီးတစ်ခုလုံး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးဖြစ်သည်ဟုဆိုသည်။
ထို့ကြောင့် စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော်တင်ခြင်း အခမ်းအနားအား လာမည့် ဖေ ဖော်ဝါရီ (၁၀) ရက် (တပိုတွဲလဆုတ် (၉) ရက် ၊ အင်္ဂါနေ့ ) တွင် (၇) ရက်သားသမီးအလှူဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထီးတော်တင်ပွဲသည့်နေ့၌ ဘုရားဖူးပြည်သူ (၁၅၀၀) ဦးအတွက် စတုဒီသာအလှူကိုလည်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
